ရော်နယ်ဒိုတယောက်စိတ်ကျမ်းမာရေး အထူးကုနဲ့ ပြသသင့်ကြောင်း ထုတ်ပြောလိုက်တဲ့ အီယန်ရိုက်
|လက်ရှိ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အီယန်ရိုက် က လတ်တလော မန်ချက်စတာ ယူနိုက်တက် နဲ့ ပြဿနာ တက်နေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒို အနေနဲ့ ပြင်းထန်တဲ့ ဖိအားတွေ ခံစားနေရပုံ ရှိတာကြောင့် စိတ်ရောဂါ အထူးကုနဲ့ ပြသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။
၃၇ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ အမာခံ ပရိသတ် တဦး ဖြစ်သူ ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် ဟာ သူ့ကို သစ္စာဖောက်ခဲ့ကြောင်း၊ သူက မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကို လေးစားမှု မရှိကြောင်း
စတဲ့ အချက်တွေကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပြီး အဆိုပါ ဗွီဒီယိုကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေတင် မကပဲ ဘောလုံး ပရိသတ်တွေ ကပါ ရော်နယ်ဒို ကို လေးစားမှု ကင်းမဲ့တဲ့ ကစားသမားလို့ အမည်တပ်ပြီး ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုကယ ဟာ အဲ့ဒီ အင်တာဗျူးထဲမှာပဲ သူ့ကို ဝေဖန်ခဲ့ကြတဲ့
ဂယ်ရီ နဗီးလ် နဲ့ ရွန်းနီ ကို ပြန်လည် တုံ့ပြန် ဝေဖန်သွားခဲ့ပြီး ဂယ်ရီ နဗီးလ် ဟာ သူ့ရဲ့ အကြောင်းကို အင်တာဗျူး တခုကို ပြီးဆုံးအောင် လုပ်နိုင်တဲ့ ဘောလုံးရေးရာ တင်ဆက်သူ ဖြစ်သလို ရွန်းနီ ကလည်း သူ့ရဲ့အောင်မြင်မှုကို မနာလိုလို့ သူ့ကို ဝေဖန် တိုက်ခိုက်နေတာလို့ ခွန်းတုံ့ပြန်ခဲ့တာပါ။
နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ်လုပ်ကိုင် ဆောင်ရွက်နေတဲ့ အီယန်ရိုက် ကတော့ ရော်နယ်ဒို တယောက် အခုလို သူ့ကို ဝေဖန်ခဲ့ကြသူတွေ အားလုံးကို ဒေါသတကြီး ခွန်းတုံ့ပြန်ခဲ့မှုက ရော်နယ်ဒို ဟာ သူ့ရဲ့ကစားသမား ဘဝ နေဝင်ချိန်ကို လက်ခံနိုင်ခြင်း မရှိသေးတာကြောင့် ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပြီး သူ့တုန်းကလည်း ရော်နယ်ဒို လို
ဖြစ်ခဲ့ဖူးတာကြောင့် ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ ခံစားချက်တွေကို စိတ်ရောဂါ အထူးကုဆီ ပြောပြပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ကြောင်း ဆိုလိုက်ပါတယ်၊ အီယန်ရိုက်က ရော်နယ်ဒို ရဲ့ အောင်မြင်မှုတွေ သူ လုပ်ပေးခဲ့တဲ့ အရာတွေကြောင့် အခုလို မန်ချက်စတာ ယူနိုက်တက် ကို ဝေဖန်နေတာကို ကြည့်ရတာ အတော်လေး ဝမ်းနည်းဖို့ ကောင်းပါတယ်။
ရော်နယ်ဒို က အခုချိန် အထိ သူဟာ ကစားသမား ဘဝ အဆုံးသတ်ရမယ့် အချိန်ကို ရောက်နေပြီ ဆိုတဲ့ အချက်ကို လက်မခံနိုင်သေးပါဘူး၊ ကျွန်တော့်တုန်းကလည်း အဲ့ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒါက အချိန်တန်ရင် ကစားသမားတိုင်း ကြုံတွေ့ရမယ့် အရာပါ၊ ပြီးတော့ ရော်နယ်ဒို က သူ့ရဲ့ ဘဝမှာ ဒီလို အထိ ပြင်းထန်တဲ့ ဝေဖန်မှုမျိုးတွေနဲ့
မကြုံခဲ့ရပါဘူး။ ဒါကြောင့် အခုလိုမျိုး ဝေဖန်သံတွေ တောက်လျှောက် ကြားလာရချိန်မှာ သူက ခက်ခဲလာပါတယ်၊ ကျွန်တော် ကတော့ သူ့ကို ဒီလို အခြေအနေတွေကို သေချာ ကိုင်တွယ်နိုင်တဲ့ အထူးကု တယောက်နဲ့ ပြသသင့်တယ်လို့ အကြံပေးချင် ပါတယ်ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
credit