ထိပ်ဆုံးမှာနေလည်း ခဏပါ အာဆင်နယ်က အာဆင်နယ်ပါပဲလို့ ဆိုလိုက်ပြီး အမှန်ပေးဖလားကို ဆွတ်ခူးမယ့် အသင်းကို ခန့်မှန်းပေးလိုက်တဲ့ မိုက်ကယ် အိုဝင်

အာဆင်နယ် ဟာ ပရီးမီးယားလိဂ် ပထမ ရာသီဝက် အပြီး အမှတ်ပေးဇယား ထိပ် ငါးမှတ် အသာနဲ့ ဦးဆောင်လျက် ရှိပေမယ့် မိုက်ကယ် အိုဝင် က လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး သာ ရာသီကုန်မှာ အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်မယ် ထင်ကြောင်း ထုတ် ပြောလိုက်ပါတယ်။




အာဆင်နယ် ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွင်းလယ်လူ အိုဒီဂတ် ရဲ့ ဂိုးတွေနဲ့ အတူ ဝုဖ်ကို ၂-၀ နဲ့ အနိုင်ယူပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ကစား နိုင်ပွဲ ၁၂ ပွဲထိ ရယူနိုင်ခဲ့ပြီး ကလပ် သမိုင်းတစ်လျှောက် အကောင်းဆုံး တာထွက်ကို လုပ်ထားနိုင်ခဲ့ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် mid season break မှာ ငါးမှတ် အသာနဲ့ ဦးဆောင်နေပါတယ်။




အာဆင်နယ် ဟာ စနေနေ့ အစောပိုင်းက ဘရန့်ဖို့ဒ် ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးထားခဲ့တဲ့ မန်စီးတီးရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူပြီး title race မှာ အရှိန်အဟုန် ကောင်းနဲ့ ခရီးဆက်နေတာ ဖြစ်ပါတယ်၊ အိုဝင်က မန်ချက်စတာ စီးတီး ရဲ့ ရှုံးပွဲဟာ သူတို့ရဲ့ ဖလား ပြိုင်ဘက်တွေကို မျှော်လင့်ချက် ပေးသလို ဖြစ်သွားတယ်လို့ ဆိုလိုက်ပေမယ့်




လာမည့် မေလမှာ မန်စီးတီး သာ အမှတ်ပေးဖလား ကိုင်မြှောက်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရှိနေဆဲလို့ ဆိုပါတယ်။ မိုက်ကယ် အိုဝင် က အာဆင်နယ် ဟာ ဒီအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်၊ ဒီအချိန်မှာ လူတော်တော်များများ အာဆင်နယ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ထင်နေကြပါပြီ။




ကျနော်လည်း ဒီထဲက တစ်ယောက်ပါပဲ၊ အာဆင်နယ် ဟာ ဒီဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ကျနော်တို့ စိတ်ထဲမှာ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်၊ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပုံမှန် တိုးတက်လာခဲ့ ပေမယ့်လည်း ဒီရာသီမှာတော့ သူတို့ များစွာ တိုးတက်လာခဲ့ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ စီးတီး က




အကောင်းဆုံး အသင်းလို့ ကျနော် ယူဆနေဆဲပါ၊ သူတို့ဟာ အမှတ်ပေးဖလား အတွက် ရေပန်း အစားဆုံး ဖြစ်နေဆဲလို့ ကျနော် ထင်ပါတယ်၊ ဒါပေမယ့် ဘရန့်ဖို့ဒ် ကို မန်စီးတီး တို့ မထင်မှတ်ဘဲ ရှုံးနိမ့်သွားခဲ့ခြင်းက title race ကနေ ထွက်သွားပြီလို့ ထင်ထားခဲ့တဲ့ အသင်းတွေကို အနည်းငယ် မျှော်လင့်ချက် တိုးစေခဲ့ပါတယ်။ လို့ ဆိုသွားပါတယ်။




ခရစ်စမတ် ကာလ အထိ အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်ရန် သေချာသွားခဲ့ ပြီးနောက် အာတီတာက ဒီနေရာမှာ ရှိနေတာ အရမ်းကို ကောင်းပါတယ်၊ ဒီလိုမျိုး အခိုက်အတန့်ကို ကျနော်တို့ ပျော်ရွှင်မိပါတယ်၊ အခုဆိုရင် ကြီးမားတဲ့ break ကို ရထားပါတယ်၊ ကျနော်တို့ ကိုယ်လုပ်ခဲ့တာတွေကို reflect လုပ်သွားရမှာပါ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ကြုံလာရနိုင်တဲ့




အခြေအနေတွေကို အများကြီး ကြိုတင် ပြင်ဆင်သွားမှာပါ။ ဒါပေမယ့် ကျနော်တို့ ရည်ရွယ်ချက်က နေ့တိုင်းအသင်း တသင်း အနေနဲ့ ဒီထက် ပိုမို ကောင်းအောင် ကစားသွားဖို့ပဲ ဖြစ်ပါတယ်၊ ကျနော် ပြောနိုင်တာ ကတော့ ဒီကစားသမား ဒီဝန်ထမ်းတွေနဲ့ အလုပ်လုပ်ရတာဟာ တအားကို ကောင်းလွန်းလှပါတယ်။

credit