ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး တရားဝင် အသိပေးစကား ဆိုလိုက်တဲ့ ဝိန်း ရွန်းနီ
|ခရစ္စတီယာနို ရော်နယ်ဒို ကို သူက မနာလို ဖြစ်နေတယ် ဆိုတဲ့ မှတ်ချက် ပေးခံရမှုကို ဝိန်း ရွန်းနီ က စိတ်ပျက်နေတယ်လို့ သိရပါတယ်၊ ဒါပေမယ့်လည်း လူသိရှင်ကြား မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ရွန်းနီ က ဆုံးဖြတ်ထားကြောင်း Daily Mail သတင်းက ဖော်ပြခဲ့သွားပါတယ်။
ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒို က ရွန်းနီထက် သူက ရုပ်ရည်ပိုင်းပါ ပိုမိုသာလွန်တယ်လို့ ပြောဆိုခဲ့သလို ကစားသမား ဘ၀မှာလည်း သူက ထိပ်တန်း အဆင့်မှာ ကစားနေဆဲ ဖြစ်ကာ ရွန်းနီ ကတော့ စောစောစီးစီး အနားယူခဲ့ရလို့ သူ့အပေါ် မနာလို ဖြစ်နေတယ် ဆိုတဲ့ သဘောမျိုးကို ပြောဆိုခဲ့တာပါ။
ဒါဟာ သူ့ကို ဝေဖန်ခဲ့တဲ့ ရွန်းနီ ကို ရော်နယ်ဒို က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်၊ လက်ရှိမှာ ဒီစီ ယူနိုက်တက် နည်းပြ အဖြစ် တာဝန်ယူနေတဲ့ ရွန်နီ က ရော်နယ်ဒို ဟာ စပါးနဲ့ ပွဲမှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့မှု အပါအဝင် ပေါ်တူဂီသားရဲ့ အမူအကျင့်တွေကိုပါ ဝေဖန်ခဲ့တာပါ။
Sky Sports ရဲ့ ဖော်ပြချက်မှာတော့ ရော်နယ်ဒို က သူ့ကို တုံ့ပြန်ဝေဖန်မှုတွေ အတွက် ရွန်းနီ က ဝမ်းနည်းနေပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုတာတွေ မလုပ်ဖို့လည်း သူ ဆုံးဖြတ်ထားပါတယ်၊ ဒါပေမယ့် အင်္ဂလန်ရဲ့ ထာ၀ရဂိုးသွင်း အများဆုံး ကစားသမားက ရော်နယ်ဒို ဟာ
မက်ဆီနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး နှစ်ယောက်ထဲက တဦး ဖြစ်တယ် ဆိုတာကို အမြဲတမ်း ပြောဆိုနေတာကို နားလည်ထားရပါတယ်။ ဒါပေမယ့် ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံး ကာလ အနေအထားကို လက်ခံပြီး အသင်းအတွက် ပွဲတိုင်း၊ မိနစ်တိုင်း ကစားရဖို့ကို မမျှော်လင့် သင့်ဘူးလို့ သူ ခံစားနေရတယ်၊ ပြီးတော့ ရော်နယ်ဒို အပေါ် သူ အနေနဲ့ ရန်ငြိုးမထားဘူးလို့ ဖော်ပြထားပါတယ်။
credit