လွန်ခဲ့တဲ့ နှစ်ပတ်တည်းက အသင်းသစ်နှင့် ဆွေးနွေးပြီးပြီ ဖြစ်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုသည် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရန် ပြီးခဲ့သည့် တစ်ပတ်က ဘိုင်ယန် တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဘိုင်ယန် တာဝန်ရှိသူများသည် အင်္ဂလန်သို့




လာရောက်ပြီး ရော်နယ်ဒို အပါအဝင် သူ၏ အေးဂျင့် ဖြစ်သူ မန်ဒက်စ်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် နွေရာသီတွင် မန်ဒက်စ်သည် ရော်နယ်ဒို အသင်းပြောင်းရန် အတွက် ချဲလ်ဆီး နာပိုလီ နှင့် ဘိုင်ယန် အပါအဝင်




အသင်းကြီး အချို့သို့ ဆက်သွယ်ခဲ့ သော်လည်း အပြောင်းအရွှေ့ အကောင်အထည် ပေါ်ခဲ့ချေ၊ ဘိုင်ယန် အကြီးအကဲ  အိုလီဗာခန်းက ရော်နယ်ဒိုကို ခေါ်ယူရန် စဉ်းစားခဲ့ သော်လည်း ပေါ်တူဂီ တိုက်စစ်မှူးသည်




ဘိုင်ယန်၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ကစားသမားမျိုး မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်၊ မက်ဆီသည် ချန်ပီယံလိဂ်တွင် ဂိုးအများဆုံး သွင်းသည့် ရော်နယ်ဒို၏ စံချိန်ဖြစ်သော သွင်းဂိုး ၁၄၀ စံချိန်ကို မီရန် ၁၁ ဂိုးသာ လိုတော့သဖြင့်




ရော်နယ်ဒိုသည် ချန်ပီယံလိဂ်တွင် ကစားခွင့်ရရန် အသည်းအသန် ဖြစ်နေသည်၊ ဘိုင်ယန်သည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် မက်ဆီ၏ ပီအက်စ်ဂျီ အသင်းနှင့် တွေ့ဆုံမည် ဖြစ်သဖြင့် ရော်နယ်ဒိုသည် ဘိုင်ယန်သို့ ပြောင်းဖြစ်ပါက

ဘောလုံး လောက၏ မဟာပြိုင်ဘက် နှစ်ဦး ထပ်မံ တွေ့ဆုံခြင်းလည်း ဖြစ်လာနိုင်သည်။ ရော်နယ်ဒို အနေဖြင့် မန်ယူအသင်း အတွက် နောက်တစ်ကြိမ် မကစားသင့်တော့ဟု တန်ဟက်က မန်ယူအသင်း တာဝန်ရှိသူများကို ပြောဆိုခဲ့သည်။ တန်ဟက်သည် ရော်နယ်ဒို၏ အင်တာဗျူးကြောင့် မိသားစု အပန်းဖြေခရီးကို နောက်ဆုတ်ပြီး




ယနေ့တွင် မန်ယူအသင်း အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်၊ ထို ဆွေးနွေးမှုတွင် မန်ယူတွင် ရော်နယ်ဒိုကို ထပ်မံ အသုံးမပြုသင့်တော့ကြောင်းနှင့် ထိုအချက်ကို လက်ခံရန် အသင်း တာဝန်ရှိသူများကို တန်ဟက်က ပြောဆိုခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

credit