ပရီးမီးယားလိဂ် TOP 4 နဲ့ ဖလား သိမ်းပိုက်မယ့် အသင်းကို တွက်ချက် ခန့်မှန်းပေးလာတဲ့ စူပါ ကွန်ပျူတာ

အာဆင်နယ် အနေနဲ့ လာမယ့် ခရစ်စမတ် ကာလထိ လက်ရှိ ချန်ပီယံ မန်စီးတီးကို 5 မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်၊ ဂန်းနားတို့ဟာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ အမှားကို




အခွင့်ကောင်းယူပြီး ဝုဖ်ကို အနိုင်ယူကာ မန်စီးတီးနဲ့ ရမှတ် ကွာဟမှုကို တိုးမြှင့်ကာ title race မှာ အရှိန်ကောင်းကောင်း ခရီးဆက်လျက် ရှိနေပါတယ်၊ နယူးကာဆယ် ကလည်း ချဲလ်ဆီးကို အနိုင်ယူပြီး အဆင့် 3 နေရာမှာ ရပ်တည်နေပြီး တော့တင်ဟမ် ကတော့ လိဒ်ကို ခက်ခက်ခဲခဲ အနိုင်ကစားပြီး




top 4 နေရာကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်၊ ဖူဟမ်ကို နောက်ကျဂိုးနဲ့ ကပ်ပြီး နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် 5 နေရာကနေ top 4 အတွက် ဆက်လက် ဖိအားပေးနေပြီး လီဗာပူးကတော့ ဆောက်သမ်တန်ကို အနိုင်ယူပြီး top 6 ရောက်လာခဲ့ပါတယ်။




ချဲလ်ဆီးကတော့ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် အောက်ကို တစ်ဖြည်းဖြည်း လျှောကျပြီး အဆင့် 8 နေရာထိ ရောက်သွားခဲ့ပါတယ်၊ ဒါပေမယ့် အဆင့် 3 နဲ့ အဆင့် 8 အသင်း တို့ကြားမှာ ရမှတ် ကွာဟမှုက 9 မှတ်သာ ရှိနေတာကြောင့် ဘာမဆို ဖြစ်နိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာတော့




title race နဲ့ ဥရောပ ၀င်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုဟာ အတော့်ကို ပြင်းထန်မှာ ဖြစ်ပြီး စူပါကွန်ပြူတာက ရာသီကုန်မှာ ဘယ်လို ဇာတ်သိမ်းခန်းကို မြင်ရမလဲ ဆိုတာ ကြိုတင် ခန့်မှန်းမှုကို လုပ်သွားခဲ့ပါတယ်။ Betting expert ရဲ့ စူပါကွန်ပြူတာ တွက်ချက်မှု အရ လီဗာပူးဟာ ဒီရာသီမှာ အဆင့် 6 နေရာမှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ သိရပါတယ်။




၎င်းက the Reds တို့ဟာ ပွဲစဉ် 38 အပြီးမှာ ခန့်မှန်းခြေအားဖြင့် 65.6 မှတ် ရလိမ့်မယ်လို့ ဆိုထားပြီး အဲရစ် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် ကတော့ လီဗာပူးကို ကျော်ကာ အဆင့် 5 နေရာမှာ ရပ်တည်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်၊ သရဲနီကတော့ ရာသီကုန်မှာ 67.5 မှတ် ရနိုင်တယ်လို့ တွက်ချက် ထားပါတယ်။




စပါး ကိုတော့ top 4 ၀င်သွားလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပြီး အန်တိုနီယို ကွန်တီ ရဲ့ အသင်းဟာ ခန့်မှန်းရမှတ် 67.6 မှတ်ကို ရယူကာ မန်ချက်စတာ ယူနိုက်တက် ကို အနည်းငယ် ကပ်ကာ အသာရသွားမယ်လို့ တွက်ထားပါတယ်၊ ဒ့ါအပြင် စူပါကွန်ပြူတာဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေတဲ့ အက်ဒီဟောင်းရဲ့ နယူးကာဆယ်ကို အဆင့် 3 နေရာ ရယူသွားမယ်လို့ ဆိုထားပြီး 69.2 မှတ် ရသွားလိမ့်မယ်လို့




ခန့်မှန်းထားပါတယ်။ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် title race မှာ မန်စီးတီးကို ပွတ်ကာသီကာ ကျော်ဖြတ်ကာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပြီး ဂန်းနားတို့ဟာ ပွဲစဉ် 38 အပြီးမှာ ခန့်မှန်း ရမှတ် 82.8 မှတ် ရယူပြီး ဂွာဒီယိုလာရဲ့ အသင်းက 82.4 မှတ်ကို အသာရမယ်လို့ တွက်ချက်ခဲ့ပါတယ်။

credit