မန်ချက်စတာ ယူနိုက်တက် နဲ့ ပရိတ်သတ်တွေကြား ဂယက်ရိုက်နေပေမယ် ပျော်ရွှင်နေကြောင်း ဖော်ပြပေးလာတဲ့ ရော်နယ်ဒို

0
115

ပေါ်တူဂီ အသင်းနဲ့ အတူ ပူးပေါင်းပြီး​ လေ့ကျင့်မှုတွေ စတင်နေတဲ့ ရော်နယ်ဒို ဟာ လေ့ကျင့်ရေး ကွင်းက ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားခဲ့ပါပြီ၊ ဓာတ်ပုံတွေထဲမှာတော့ ရော်နယ်ဒို တယောက် ပျော်ရွှင်နေတာကို မြင်တွေ့ရပြီး




အသင်းဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေတာကိုလည်း တွေ့ရမှာပါ။ မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံး နှစ်ပွဲ ဆက်တိုက် လွဲချော်ခဲ့တဲ့ ရော်နယ်ဒို ဟာ နိုင်ငံအသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို စတင်ဖို့ အသင့်ဖြစ်နေပါပြီ၊ လက်ရွေးစင် အသင်းပေါ်မှာပဲ




လုံး၀အပြည့်အ၀ အာရုံစိုက်ထားပါတယ်၊ ပန်းတိုင် တခုဆီကို ဦးတည်နေတဲ့ ညီညွှတ်တဲ့ အစုအဖွဲ့၊ ပေါ်တူဂီသား အားလုံးရဲ့ အိပ်မက်ကို အကောင်အထည် ဖော်သွားမှာပါလို့လည်း သူက ရေးသားထားပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့




ပတ်သက်ပြီး ဖြစ်ပျက် နေတာတွေကို ရော်နယ်ဒို က ခေါင်းထဲက ဖယ်ထုတ်ထားပြီး လက်ရွေးစင် အသင်းအတွက်ပဲ အာရုံစိုက်နေတယ်လို့ ဆိုလိုဟန် ရှိပါတယ်၊ သူ့ရဲ့ အင်တာဗျူးက တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး မန်ချက်တာ ယူနိုက်တက် အသင်းတွင်းနဲ့ ပရိသတ်တွေကြားမှာ




အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရပါတယ်၊ လက်ရှိအချိန် ထိတော့ ဒီအင်တာဗျူးနဲ့ ပတ်သက်ပြီး ရော်နယ်ဒို က ဘာမှ ပြောဆိုတာမျိုး မရှိသေးဘဲ ကမ္ဘာ့ဖလား အတွက်ကိုပဲ အာရုံစိုက် ပြင်ဆင်နေကာ သူ့အတွက် နောက်ဆုံး ဖြစ်လာမယ့် ဒီပြိုင်ပွဲမှာ




ခြေစွမ်းပြနိုင်ဖို့ အတွက် အားထုတ်ရမှာပါ၊ ရော်နယ်ဒို ကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီမှာ ၃ ဂိုးတည်း သွင်းယူပေးထားပြီး အသင်းမှာ အဆင်မပြေ ဖြစ်နေခဲ့တာပါ၊ သူ့ရဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုခဲ့တဲ့ စကားတွေကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး

ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ သေချာနေပြီ ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ရှိနေပြီး အသင်းဟောင်း စပို့တင်းလစ္စဘွန်း ကို ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

credit