တစ်ဦး တစ်ယောက်က အရေးကြီးလား အသင်းအဖွဲ့က အရေးကြီးလား ထုတ်ပြောလာတဲ့ ရက်ရှ်ဖို့ဒ်

0
5518

မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် က ဒီနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ရည်မှန်းချက်များ အတိုင်း အောင်မြင်မှုများ ရရှိလာစေဖို့ အတွက် တစ်ဦးချင်း စွမ်းဆောင်ရည် တွေထက် အသင်းအဖွဲ့နဲ့ စုစည်း လုပ်ဆောင်ခြင်းကသာ ပိုမို အရေးကြီးတယ်လို့ ဖွင့်ဟ ပြောကြားသွား ခဲ့ပါတယ်။




မကြာခင်က ထွက်ရှိလာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ပီယာ့စ် မော်ဂန် တို့ရဲ့ အင်တာဗျူးမှာ ရော်နယ်ဒို က သူ့အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က သစ္စာဖောက်သလို ခံစားမိကြောင်းနဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ကလည်း သူ့ကို မလေးစားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။




ဒါပေမယ့် မားကပ်စ် ရပ်ရှ်ဖို့ဒ် က အဲရစ် တန်ဟက်ဂ် နဲ့ ပတ်သတ်ပြီး သူက တကယ်ပဲ အသင်းကို အပြောင်းအလဲ အများကြီးနဲ့ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေခဲ့တယ်၊ ဒီလို အချိန်မှာ သူနဲ့ ကစားသမားတွေ အတွက် လိုက်လျောညီထွေးး ဖြစ်အောင် လုပ်ဖို့က အချိန်တစ်ခု လိုပါတယ်၊ ဒါပေမယ့်




အခုထိတော့ ကောင်းနေပါတယ်၊ သူ့ လက်အောက်မှာ အလုပ်လုပ်နေရတာ ပျော်ရွှင်နေပြီး အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်မျှော်နေပါတယ်။ လို့ ပြောဆိုသွားခဲ့ပါတယ်၊ ဒါ့အပြင် မားကပ်စ် ရပ်ရှ်ဖို့ဒ် က အသင်း အတွင်းမှာ အသင်းသားတွေ ခင်မင် ရင်းနှီးမှု ခိုင်ခိုင်မာမာ ရှိနေခြင်းနဲ့




အသင်းဖော်တွေ အတွက် စည်းလုံး ညီညွတ်မှုက အရေးကြီးကြောင်း ကိုလည်း အသိပေးသွားခဲ့ပါတယ်၊ ကစားသမားတိုင်းက သူတို့ဘေးနားက အသင်းဖော်တွေ အတွက် တိုက်ပွဲဝင်သွားဖို့ ဆန္ဒ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်၊ တစ်စုံတစ်ယောက်က အမှားလုပ်မိရင် ခင်ဗျား အနေနဲ့ အဲ့ဒါက ဖုံးကွယ်ထားဖို့ လိုပါမယ်။




အမှား လုပ်မိတဲ့သူ ကလည်း အဲ့ဒီအမှားကို ပြင်ဆင်ဖို့ အကောင်းဆုံး ကြိုးစားသွားရပါမယ်၊ ခင်ဗျား အနေနဲ့ အလုပ်ကို တစ်ဦးချင်း လုပ်ဆောင်ခြင်းထက် အသင်းလိုက် အစုအဖွဲ့ အလိုက် လုပ်ဆောင်ရပါမယ်။ အသင်းလိုက် စိတ်ဓါတ်မျိုး ရှိနေခြင်းဟာ တကယ်ပဲ ကောင်းလှပါတယ်၊ ကျွန်တော်တို့ မှာလည်း ခက်ခဲတဲ့ ပွဲ တစ်ချို့ ရှိခဲ့ပါတယ်။




အောက်တိုဘာ လတုန်းက ချဲလ်ဆီး အသင်းကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ သူတို့က နောက်ကျဂိုးနဲ့ ဦးဆောင်ခဲ့ချိန် ကျွန်တော်တို့ ဘက်က တစ်ခုခု ရအောင် ပြန်ပြီး စွမ်းဆောင်နိုင်ခဲ့တယ်၊ ဒီလို အချိန်မှာ သူတို့က နိုင်ပွဲရဖို့ နီးစပ်သွားပေမယ့်

အဲ့ဒီ အခြေအနေကပဲ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အရာတစ်ခု ဖြစ်သွားနိုင် စေခဲ့တာပါ၊ ဒါမျိုးက အဲ့ဒီ အချိန်မှာသာ မဟုတ်ပဲ ရာသီ တစ်လျှောက်လုံး လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လို့ မားကပ်စ် ရပ်ရှ်ဖို့ဒ် က ရှင်းလင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit