ဗီဒစ်နဲ့ တူတဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်တစ်ပွင့်ကို ထုတ်ဖော် ပြောဆိုလာတဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင််း ဘာဘာတော့ဗ် က လီဆန်ဒရို မာတီနက်ဇ် ကို မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နီမန်ဂျာ ဗီဒစ် နဲ့ ခိုင်းနှိုင်း ချီးကျူး သွားခဲ့ပါတယ်။ မာတီနက်ဇ် ဟာ ရာသီအဖွင့် ပွဲစဥ် နှစ်ပွဲကို မက်ဂွိုင်းယားနဲ့ တွဲဖက် ကစားရင်း




နှစ်ပွဲလုံး ရှုံးနိမ့်ခဲ့တဲ့နောက်် ဝေဖန်ခံခဲ့ရပေမဲ့ ရာဖေးလ် ဗာရန်း ဒဏ်ရာ ပြသနာ သက်သာ လာပြီးနောက် ဝေဖန်သံတွေ ပျောက်ကွယ် သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ နှစ်ဦးရဲ့ ခံစစ် အတွဲဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ်ကြောင်းကို ပိုကောင်းစေခဲ့ပြီး




နောက်ခံ အစွန်လူတွေကို စိတ်ချလက်ချ တိုက်စစ်ဆင် ကစားခွင့် ပေးနိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်၊ လူကောင်သေးပေမဲ့ အားမာန် အပြည့်နဲ့ ကစားပေးတဲ့ မာတီနက်ဇ် ဟာ ယခုဆို ပရိိသတ် အချစ်တော် ဖြစ်နေပြီး ဘာဘာတော့ဗ် က အာဂျင်တိုင်းသားဟာ အကြောက်အရွံ့ မရှိ




အသင််းအတွက် ကစားပေးသူ ဖြစ်ကြောင်း ချီးကျူး သွားခဲ့ပါတယ်။ မာတီနက်ဇ်က သူ့မှာ အကြောက်အရွံ မရှိဘူးလို့ ထင်မိပါတယ်၊ သူက နည်းလမ်း အချို့နဲ့ ချဲလင့်တွေ လုပ်ပြနိုင်သူ ဖြစ်ပြီး နီမန်ဂျာ ဗီဒစ် ကိုလည်း သတိရစေပါတယ်၊ သူ့ရဲ့ ခန္ဓာကိုယ််ကို ရင်းပြီး အသင်းအတွက် တိုက်ပွဲဝင်ပေး တတ်သူ မလို့ပါပဲလို့ ချီးမွမ််းသွားခဲ့တာပဲ ဖြစ်ပါတယ်။




credit