ဆိုးလ်ရှား ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် မှားကြောင်း မထင်မချန် ထုတ်ပြောလိုက်တဲ့ ရော်နယ်ဒို

0
625

မန်ချက်စတာ ယူနိုက်တက် ကစားသမားကြီး ခရစ္စတီယာနိုခရော်နယ်ဒို နဲ့ ပီယာ့စ် မော်ဂန် တို့ရဲ့ မိနစ် (၉၀) စာ အင်တာဗျူးထဲက အပိုင်းအစတွေ ထပ်မံ ထွက်ပေါ် လာခဲ့ပြန်ပါပြီ၊ ဒီတစ်ကြိမ်မှာတော့ ရော်နယ်ဒိုက သူရဲ့ နည်းပြဟောင်း လည်းဖြစ်




အသင်းဖော် ဟောင်းလည်း ဖြစ်တဲ့ အိုလေဂန်နာ ဆိုးလ်ရှား နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြောဆို လာခဲ့ပါတယ်။ စတင် ထွက်ပေါ်လာခဲ့တဲ့ အင်တာဗျူး အပိုင်းအစထဲမှာ အသင်း တာဝန်ရှိသူတွေ အသင်းဖော်ဟောင်း တချို့နဲ့ လက်ရှိအသင်း နည်းပြနဲ့




ပတ်သတ်တဲ့ အကြောင်းတွေကို ထုတ်ဖော် ပြောဆိုခဲ့ရာ အခုတော့ ရော်နယ်ဒိုက သူ့ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လည် ခေါ်ဆောင်ခဲ့တဲ့ နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ပတ်သတ်ပြီး ပြောဆိုလာတာ ဖြစ်ပါတယ်၊ ရော်နယ်ဒိုဟာ ဆိုးလ်ရှားနဲ့




တစ်ရာသီ ပြည့်တဲ့ အထိတောင် လက်မတွဲခဲ့ရဘဲ ရာသီဝက် ခန့်သာ လက်တွဲခဲ့ရပြီး၊ လက်ကျန် ရာသီဝက်မှာတော့ ရန်းနစ် လက်အောက် ကစားခဲ့ရသလို၊ ဒီရာသီမှာလည်း အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ကစားခဲ့ရပါတယ်။ ဆ်ိုးလ်ရှားနဲ့ လက်တွဲခဲ့စဉ် တုန်းက




(၁၃) ပွဲ အတွင်း (၉) ဂိုး အထိတောင် သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဆိုးလ်ရှားကို မန်မျက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ဆက်လက် တာဝန် ယူသွားရမယ်လို့သာ ထင်ခဲ့မိတယ်လို့ သိရပါတယ်။ ကျွန်တော် ဆိုးလ်ရှားကို ချစ်ခင်ပါတယ်။




သူကို ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက်လို့ ကျွန်တော် ထင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် နှလုံးသားထဲမှာ သိမ်းဆည်းထားတဲ့ အရာတွေက လူသားတွေရဲ့ စိတ်နှလုံးသားပါ၊ ပြီးတော့ အိုလေက ကျွန်တော့် အတွက်တော့ ထိပ်တန်းလူ တစ်ဦး ဖြစ်ပါတယ်။




ဆာအဲလက်စ် ဖာဂူဆန် ရဲ့နောက် သူ့ရာထူးကို ဆက်ခံဖို့က ခက်ခဲပေမယ့် အိုလေ ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်၊ ဒီလို လုပ်နိုင်ဖို့က အချိန်အများကြီး လိုအပ်တယ်၊ ဒါပေမယ့် အနာဂတ်မှာ အိုလေက နည်းပြကောင်း တစ်ယောက်




ဖြစ်လာမယ် ဆိုတာကို ကျွန်တော် လုံးဝ သံသယမ ဝင်ပါဘူး၊ ဒီမှာလည်း သူ အတွေ့အကြုံကောင်း တစ်ခု ရခဲ့ပါတယ်၊ ကျွန်တော် သူနဲ့ တွဲဖက်ပြီး အလုပ် လုပ်ရတဲ့ အချိန်တွေ တိုတောင်းခဲ့ရပေမယ့် အဲ့ဒီ အချိန်တွေကို ကျွန်တော် နှစ်သက်မိပါတယ်။ လို့

ရော်နယ်ဒိုက ဖွင့်ဟသွားခဲ့ပါတယ်၊ ဒါ့အပြင် ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်ပြီး ချိန်မှာ ရန်းနစ်လို အားကစားဒါရိုက်တာ တစ်ဦးထက် ထိပ်တန်းနည်းပြ တစ်ဦးကိုသာ အစားထိုး ခန့်အပ်ခဲ့သင့် တယ်လို့လည်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

credit