အခက်ခဲဆုံး အချိန်နဲ့ ဝေဖန်မှုတွေ အပေါ် ဘယ်လို ခံစားရသလဲ ရော်နယ်ဒို ထုတ်ပြော

ခရစ္စတီယာနို ရော်နယ်ဒို ဟာ မီးဖွားစဉ် ကွယ်လွန်သွားတဲ့ သားငယ်လေး ရဲ့ အဖြစ်ဟာ သူ့ဘ၀ မှာ အခက်ခဲဆုံး အခြေအနေ တခု ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်၊ ရော်နယ်ဒို ရဲ့ ဇနီး ဖြစ်သူ ဂျော်ဂျီနာ ဟာ ရင်သွေးငယ် နှစ်ယောက်ကို မွေးဖွားခဲ့ပေမယ့် သားငယ်လေး ဟာ မီးဖွားစဉ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။




ရော်နယ်ဒို ဟာ အဆိုပါ သတင်းကို ထုတ်ပြန်ပြီးနောက် ဧပြီလအတွင်း ကစားတဲ့ လီဗာပူး နဲ့ ပွဲစဥ်ကို လွဲချော်ခဲ့ပါတယ်၊ ဒါက ကျွန်တော့ ဘဝမှာ အဖေ ဆုံးသွားပြီးတဲ့ နောက်ပိုင်း အခက်ခဲဆုံး အချိန်ပါပဲ၊ ရင်သွေးငယ် တယောက် ကိုယ့်ဘဝထဲကို ရောက်လာတယ် ဆိုတာက ကျွန်တော့ အတွက် အရာအားလုံးပါ။




ရောက်မလာ နိုင်တော့ဘူးလို့ သိလိုက်ရတာက တကယ့်ကို ခက်ခဲပါတယ်၊ ဘာလို့ ကျွန်တော်တို့မှ ဖြစ်ရတာလဲ ဆိုပြီး နားမလည် နိုင်အောင်ပါပဲ၊ ကျွန်တော့ အတွက်ရော ဇနီးသည် အတွက်ပါ အဆိုးရွားဆုံး အချိန်တွေ ဖြစ်ခဲ့တာပါလို့ ရော်နယ်ဒို က ဖွင့်ဟ ပြောဆိုပါတယ်၊ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက




မန်ချက်စတာ ယူနိုက်တက် ရဲ့ အဓိက ဂိုးသွင်းရှင် ဖြစ်ခဲ့ပေမယ့် ယခု ရာသီမှာတော့ ခြေစွမ်း အကျဘက် ရောက်နေပြီး သွင်းဂိုးတွေလည်း နည်းပါးခဲ့ပါတယ်၊ အသင်း ရဲ့ ကစားပုံကို ပျက်ယွင်းစေတာ အခွင့်အရေးတွေ အသုံးမချ နိုင်တာ၊ ဆိုတဲ့ ခေါင်းစဉ်တွေ နဲ့ ရော်နယ်ဒို ကို ဝေဖန်ခဲ့ကြပေမယ့် ပေါ်တူဂီသားကြီး ကတော့




ဒါတွေဟာ သူ့အတွက် မှုလောက်စရာ မရှိဘူးလို့ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး မှာ တုန့်ပြန် သွားခဲ့ပါတယ်၊ တခုခု ကို ဖုံးကွယ်ချင်ပြီ ဆိုရင် ခရစ္စတီယာနို ကို လွယ်လွယ်လေး လက်ညှိုးထိုးလိုက် တော့တာပါ သတင်းစာတွေက ကျွန်တော့ ပုံကို ရှေ့ဖုံးမှာ ထားရတာ ကြိုက်ကြတယ်လေ၊ ကျွန်တော်က ဒါတွေနဲ့ အသားကျနေပါပြီ။




ဘာလို့လည်းဆို ကျွန်တော် အခု ၃၇ နှစ်ပါ၊ ဒါမျိုးတွေ အများကြီး ကြုံခဲ့ရပြီးပြီ၊ လေ့လာခဲ့ရပြီးပြီ၊ ကိုယ်က ထိပ်ဆုံးကို ရောက်နေတဲ့ အချိန်၊ ဒါမှမဟုတ် အောက်ဆုံးကို ရောက်နေတဲ့ အချိန်မျိုးတွေမှာ ကိုယ် အရင်တုန်းက မမြင် မကြားဖူးတဲ့ အရာတွေကို ကြုံရနိုင်ပါတယ်၊ ကျွန်တော့ ဘဝမှာ ဆိုးရွားတဲ့ အခိုက်အတန့်တွေ




ရှိခဲ့တယ် ဆိုတာ မငြင်းလိုပါဘူး၊ ဝေဖန်မှုတွေထဲမှာလည်း လက်ခံ နိုင်တာတွေ အများကြီးပါ၊ အနည်းဆုံးတော့ ကိုယ့်ဘက်မှာ ဘယ်သူတွေ ရှိနေတယ်၊ ဘယ်သူက ကိုယ့်ကို ပိုပြီး ဝေဖန်တယ် ဆိုတာတွေ သိခွင့်ရမှာပါ၊ ဝေဖန်ရေး သမားတွေက ဒီလိုပါပဲ၊ သူတို့က လူတွေ အောင်မြင်တာကို သိပ်သဘောမကျပါဘူး။




အဆိုးမြင်တဲ့ အကြောင်းတွေ ပိုပြောချင်ကြတယ်၊ ပြီးခဲ့တဲ့ ၄၊ ၅ လ အတွင်းမှာဆို ကျွန်တော်ရော ကျွန်တော့ မိသားစုဝင်တွေပါ ပြောဆိုခံခဲ့ရတာပါ၊ တခါတလေ နားမလည် နိုင်အောင်ပါ ပေါ်တူဂီ သတင်းစာတွေကပါ ကျွန်တော့ကို ဖဲ့နေကြတာ၊ ဘာလို့မှန်း မသိပါဘူး၊ ဒါပေမယ့် ဒီအထဲမှာ မနာလိုစိတ်တွေ တစိတ်တပိုင်းပဲ




ဖြစ်ဖြစ် ကိန်းအောင်း နေတယ်လို့ ကျွန်တော် အခုထိ ယုံကြည်ပါတယ်၊ ဝေဖန်ရေးတွေ သတင်းစာတွေက တခြား အရာတွေကို ပိုကောင်းလာအောင် ပိုတောက်ပ လာအောင် ကူညီပေးနိုင်တဲ့ အရာ အများအပြားကို ဖုံးကွယ် ထားချင်ကြပါတယ်၊ ဒါက စစ်မှန်တဲ့ အမှန်တရားပါ၊ ဒါကို လက်မခံတဲ့ တစုံတယောက်ဟာ ကိုယ့်ကိုကိုယ် ညာနေတာပါပဲ။




ဒါပေမယ့် ပီယာ့စ် ရေ ငါက အဆင့်မြင့် ပြိုင်ပွဲတွေမှာ ၂၁ နှစ်လောက် ကျဉ်လည်လာတဲ့ ကောင်ပါ၊ ဒါမျိုးတွေ ငါ့အတွက် ရိုးနေပါပြီ၊ ပြဿနာ မဟုတ်တော့ပါဘူး၊ ဒါတွေကို ငါ မဖတ်ပါဘူး သတင်းစာတွေက အမှိုက်သရိုက်တွေ အလိမ်အညာတွေ ချည်း အကုန် မဟုတ်ပေမယ့် အားလုံးနီးပါးလို့ ပြောလို့ရပါတယ်။




ငါ့ကို ချစ်တဲ့သူတွေ ငါ့ကို တန်ဖိုးထား ဂရုစိုက်တဲ့ သူတွေကိုပဲ ငါ ဂရုစိုက်ပါတယ်၊ ငါနဲ့ ငါ့မိသားစု စိတ်ညစ်ရ စေမယ့် သတင်းတွေကို ငါဘာလို့ ဖတ်စရာ လိုလဲ အချိန်ကုန် မခံနိုင်ပါဘူး၊ ဒီလူတွေက ငါနဲ့ ငါ့ဘ၀ကို တကယ် စိတ်ဝင်စား ကြတာမှ မဟုတ်တာကိုးလို့ ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit