မန်ယူကို ပြောင်းရွေ့ဖို့ အနီးစပ်ဆုံး ဖြစ်ပြီးမှ ဂျူဗင်တပ်စ်မှာ ဆက်ရှိမိတာ ဘဝပျက်မယ့် အရေးက ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ကြောင်း ရှင်းပြလာတဲ့ ရာဘီယော့
|ဂျုဗင်တပ်စ် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ က ဒီနှစ်ရဲ့ နွေဈေးကွက် အတွင်း ဂျုဗင်တပ်စ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပေမယ့် အဆုံးသတ်မှာ အပြောင်းအလဲတွေ
ဖြစ်သွားခဲ့ရတာက သူ့အတွက် ဘဝပျက်မယ့် အရေးက ရှောင်လွဲနိုင်ခဲ့တာ ဖြစ်ကြောင်း ဒါဟာ သိပ်ကံကောင်းတယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နွေဈေးကွက် တစ်လျှောက်လုံး ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရင်း ကနေ
နောက်ဆုံးမှာ မခေါ်နိုင်ခဲ့လို့ လက်လျှော့ခဲ့ရရင်းနဲ့ ရာဘီအော့ ဘက်ကို မြှားဉှီးလှည့် လာခဲ့ရာ ရာဘီအော့ကိုတော့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိပြီးမှ လစာကိစ္စ အဆင်မပြေမှုနဲ့ မန်ချက်စတာ ယူနိုက်တက် က ကက်စမဲရိုး ကိုသာ ပြောင်းလဲ ခေါ်ယူသွား ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဆီ
မပြောင်းရွှေ့ ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး ရာဘီအော့က ပရီးမီးယားလိဂ် ကလပ် အသင်းတွေနဲ့ အချိတ်အဆက် ရှိခဲ့တယ် ဆိုတာကတော့ အမှန်ပါ၊ ဒါပေမယ့် အဆုံးသတ် မှာတော့ ကျွန်တော် ဒီမှာ ဆက်နေနိုင် ရလောက်အောင် ကံကောင်းသွားခဲ့ရပါတယ်။ ဒါက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်၊ ဘာလို့ဆို တကယ်လို့ ပြောင်းဖြစ်ခဲ့ရင် နင့်နာရမှာ ကျွန်တော်ပါ၊ ဘဝပျက်မယ့် အထိ ဖြစ်သွားနိုင်တယ်လေ၊ အဲဒီ အသင်းက ပရီးမီးယားလိဂ်မှာ ပရိသတ်အားပေးမှု အများဆုံး ရရှိတဲ့ လိဂ်တစ်ခု ဆိုပေမယ့် ဒီအချိန်မှာတော့ ကမ္ဘာ့ဖလား အတွက်ပဲ အာရုံစိုက်ထားတယ်၊ အနာဂတ်ကို မတွေးတောပါဘူး။
ကျွန်တော်ရော ကလပ်အသင်းပါ အလျင်စလို ဖြစ်မနေပါဘူး၊ အေးအေး ဆေးဆေး ရှိနေပါတယ်၊ ဒါကြောင့် ရွေးချယ်စရာ အားလုံးကို စဉ်းစားနိုင်ပါတယ်။ လို့ အီတလီ သတင်းမီဒီယာ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဆီ
ပြောင်းရွှေ့ခဲ့ခြင်း မရှိပဲ ဂျုဗင်တပ်စ် မှာပဲ ဆက်လက် ရှိနေခဲ့ရတဲ့ ရာဘီအော့ ဟာ ဒီရာသီ အတွင်း ဂျုဗင်တပ် စ်အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ပါဝင်ခဲ့ပြီး ၅ ဂိုး သွင်းယူပေး ထားနိုင်သလို ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်ဆောင် ထားနိုင်ခဲ့ပါတယ်၊ လက်ရှိမှာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၂
ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွဲသွားမယ့် ရာဘီအော့ ဟာ ဂျုဗင်တပ်စ် အသင်းနဲ့လည်း စာချုပ်သက်တမ်း တိုးမြှင့်ဖွယ်လည်း ရှိနေရပါတယ်။
credit