အင်တာ‌ဗျူးမှာ ဝေဖန်ပြောဆိုနေတဲ့ ရော်နယ်ဒို ကိုယ်တိုင်က လူကောင်း တစ်ယောက် မဟုတ်ဘူးလို့ ဆိုလိုက်ပြီး လူကောင်း တစ်ယောက် မဟုတ်ကြောင်း ရှင်းပြ ပြောဆိုလိုက်တဲ့ ချဲလ်ဆီး ခံစစ်မှူးဟောင်း

0
267

ချဲလ်ဆီး ခံစစ်မှူးဟောင်း ဖြစ်သူ လက်ရှိ talksport အစီစဥ် တင်ဆက်သူ အဖြစ်ပါ တာဝန် ထမ်းဆောင်‌နေတဲ့ ဂျေဆွန် ကွန်ဒီ က ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အင််တာဗျူးကို လှည့်စားမှုလို့ ထင်နေပါတယ်။




Manchester United တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး ပထမအပိုင််းမှာ ဂလေဇာ မိသားစု၊ ရဲ့လ်ဖ် ရန်းဂနစ်၊ အဲရစ် တန်ဟက်ဂ်၊ ဝိန်း ရွန်းနီ နဲ့ ဂယ်ရီ နဗီးလ် တို့ အပေါ် ဝေဖန်ခြင်း လုပ်ခဲ့သလို ၎င်းရဲ့ အခက်အခဲတွေကိုလည်း ထုတ်ပြောခဲ့ပါတယ်။




ထို interview ကြောင့် ဘောလုံးအားကစား လောကမှာ သတင်းတွေ ပွတ်လောရိုက်ခဲ့ပြီး နေ့စဥ် ရော်နယ်ဒို ရဲ့ အကြောင်းတွေပဲ မြင်တွေ့နေရပြီး အဲ့ဒီထဲမှာ သူ့အပေါ် အကောင်းမြင်သူတွေ ရှိသလို ဝေဖန်သူတွေလည်း များစွာ ရှိနေပါတယ်၊ ယခုတော့ ဂျေဒွန် ကွန်ဒီ က အသိတရား မရှိသူလို့ ရော်နယ်ဒို ကို ဝေဖန် ပြောဆိုလိုက်ပါတယ်။




ဂျေဒွန် ကွန်ဒီ- ကျွန်တော် နားမလည််နိုင်တော့ပါဘူး၊ ကျွန်တော်ဟာ ဒီကို ကိုယ့်စိတ်နဲ့ကိုယ် ရောက်လာခဲ့တာပါ၊ ဒါပေမယ့် သူ့အနားမှာ ဘယ်သူရှိနေခဲ့သလဲ သူ့ကို ဘယ်သူတွေ အကြံပေးခဲ့ကြတာလဲ အဲ့ဒါက ကျွန်တော် တွေးထင်ထား ခဲ့တာထက်ကို ပိုပြီး ဆိုးရွားနေဦးမှာပါ၊ သူက ဒါတွေကို ထုတ်ပြောဖို့ အတွက် တစ်ယောက်ထဲ ရောက်လာခဲ့တာ မဟုတ်ပါဘူး။




ပြီးတော့ သူကိုယ်တိုင် လူကောင်း တစ်ယောက် မဟုတ်တော့ပါဘူး ဒါက တကယ့်ကို ကိုယ်ပိုင် အသိတရား မရှိခြင်းမျိုး ဖြစ်နေပါပြီ၊ သူ ဖြေကြားခဲ့တာတွေ ပြောခဲ့တဲ့ အရာအားလုံး သူ့ အတွက်ချည်း ဖြစ်တယ်လို့ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ Manchester United အသင်း တာဝန်ရှိသူတွေ၊ လက်ရှိ နည်းပြ နဲ့




နည်းပြဟောင်း အပြင် အသင်းဖော် ဟောင်းတွေကိုပါ ဝေဖန်ခဲ့သလို အသင်းရဲ့ လူငယ် ကစားသမားတွေကိုလည်း သူနဲ့ နှိုင်းယှဥ်ပြီး အရှေ့မှာ စံပြပုဂ္ဂိုလ် တစ်ဦး ရှိနေတာတောင် သင်ယူလိုမှုတွေ မလုပ်ဆောင်လိုကြဘူး လို့လည်း ဝေဖန်ခဲ့ပါတယ်၊ အဲ့တာနဲ့ ပတ်သက်လို့ ပီယာ့စ် မေးခဲ့တဲ့ လူငယ်တွေနဲ့ ပတ်သက်လို့ သူပြန်ဖြေခဲ့တဲ့ အဖြေက သူ့ကိုယ်သူ ဥပမာ ပေးပြီး




ပြောခဲ့လိုက်တာပါ၊ အကယ်လို့ အဲ့ဒီ အဝတ်လဲခန်းထဲမှာ ရှိနေခွင့် ရနိုင်တဲ့ လူငယ် တစ်ဦးဟာ ကျွန်တော် ဖြစ်နေခဲ့ရင် သူ့ကို အဲ့ဒီလို ကစားသမားမျိုး၊ လူသားမျိုး အဖြစ်နဲ့ ဆက်လက် မြင်ချင််တော့မှာ မဟုတ်ပါဘူး၊ သူဟာ ဥပမာကောင်း တစ်ခု ဖြစ်နေခဲ့လား ဆိုတာ ကျွန်တော်လည်း သေသေချာချာ မသိပါဘူး၊ သူဟာ အံ့ဖွယ် ကစားသမား တစ်ယောက်ပါ။




သူဟာ ဘယ်လောက် ကောင်းလဲ ဆိုတာ ကျွန်တော်တို့လည်း နှစ် 20 လောက် မြင်တွေ့ခဲ့ဖူး ပြီးပါပြီ၊ သူဟာ ဝေဖန်မှုတွေကို တုန့်ပြန်နိုင်ခဲ့ပေမယ့် ဒါမျိုး ဖြစ်တာက ပထမဆုံး အကြိမ်ပါပဲ၊ အကယ်လို့ ဒီလို လုပ်ခဲ့လိုက်တာက အကြံကောင်း တစ်ခုပဲလို့ သူထင်မြင်နေမယ် ဆိုရင် ဒါက လှည့်စားနေတာပဲလို့ ကျွန်တော် ပြောမှာပါ။ အခု သူလုပ်သွားခဲ့တာက

ကျွန်တော်တို့ တွေးတောထားခဲ့ ကြတာတွေနဲ့ အများကြီးကို ဆိုးရွားလွန်းပါတယ်။ လို့ ဂျေဆွန် ကွန်ဒီ က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit