ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဂယ်ရီ နဗီးလ် ရဲ့ တိုက်တွန်းချက်နဲ့ မန်ချက်စတာ ယူနိုက်တက် ရှေ့နေများရဲ့ ပြင်ဆင်နေမှုများ

မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အခြား ကစားသမားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်သည်ဟု မခံစားရစေရန် လာမည့် ရက်အနည်းငယ် အတွင်းမှာပဲ ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းမှ ထုတ်ပစ်ရမည် ဖြစ်ကြောင်း သရဲနီ ဂန္တဝင် ဂယ်ရီ နဗီးလ် က ပွင့်ပွင့်လင်းလင်း တိုက်တွန်း ပြောကြားသွားခဲ့သည်။




အသက် ၃၇ နှစ်ရှိ ပေါ်တူဂီ ကြယ်ပွင့်သည် မကြာသေးမီက ကလပ် အသင်းအား ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်သည့် အင်တာဗျူး တစ်ခု ပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုသည် ဘုတ်အဖွဲ့၊ ပိုင်ရှင်များနှင့် အသင်းဖော်များကို အံ့အားသင့်စွာ ဝေဖန်ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ သူ့ကို ဆက်နေခွင့် ပေးရင် အန္တရာယ် ရှိတဲ့ စံနမူနာကို သတ်မှတ်ပေးလိမ့်မယ်လို့ ဂယ်ရီ နဗီးလ် က ထပ်လောင်း ပြောကြားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းသည် ခရစ်စတီယာနို ရော်နယ်ဒို နဲ့ သဘောတူညီမှုကို လာမည့် ရက်အနည်းငယ် အတွင်း အပြီးသတ်ရမည်ဟု ဂယ်ရီ နဗီးလ် က ဆိုသည်၊ “မန်ချက်စတာ ယူနိုက်တက် ဘာတွေ လုပ်နေလဲ ဆိုတာ မသိတော့ဘူး၊ ငါ အံ့သြမိပါတယ်။




တကယ်တော့ ခရစ်စတီယာနို ရဲ့စာချုပ်ကို ဖျက်သိမ်းရပါမယ်၊ ဒီလိုမှ မဟုတ်ရင် ကစားသမားတိုင်းက ရော်နယ်ဒို ကို စံနမူနာ ယူပြီး မိမိ ကလပ်အသင်းကို ဝေဖန်တာ ပြစ်တင်တာ အသင်းရဲ့ စည်းလုံးမှုကို ပျက်ပြားစေတာ၊ ပြသနာတွေ များစွာ ဖြစ်လာပါလိမ့်မယ်၊ ဘောလုံး လောက အတွက် ဒါကို လုပ်ရပါမယ်၊ ရော်နယ်ဒိုရဲ့ လုပ်ရပ် အတွက် အသင်းက ထုတ်ပယ်ဖို့က အရေးကြီးပါတယ်။




ခရစ္စတီယာနို ပြောခဲ့တဲ့ အချက်တွေကို ကျွန်တော်‌ရော မန်ယူ ပရိသတ် တော်တော်များများ ကပါ သဘောတူတယ် ဆိုရင်တောင် သူက ဝန်ထမ်းတစ်ယောက် ဖြစ်ပြီး အဲဒီလို အချက်တွေကို ပြောဆိုမယ် ဆိုရင်တော့ အလုပ်က ရပ်စဲရမှာပါလို့ ဂယ်ရီ နဗီးလ် က ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ရှေ့နေတွေကတော့ ရော်နယ်ဒို ရဲ့ မှတ်ချက်တွေကို အကဲဖြတ်နေပြီး စာချုပ်ဖောက်ဖျက်မှု အတွက် အကြောင်းပြချက် ရှာဖို့ ကြိုးစားနေပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အင်တာဗျူး အပြည့်အစုံ ကို ထုတ်လွှင့် ပြသဖို့ စောင့်ဆိုင်း နေ တယ်လို့ Sportsmail က ကြာသပတေးနေ့ မှာ ဖော်ပြ သွားခဲ့ပြီး Sportsmail ရဲ့ Chris Wheeler က မန်ချက်စတာ ယူနိုက်တက် ဟာ




Piers Morgan နဲ့ ရော်နယ်ဒို ရဲ့ ပေါက်ကွဲစေတဲ့ ပထမဆုံး ဗီဒီယိုဖိုင် ထွက်ပေါ် လာပြီးနောက် ရော်နယ်ဒို ကို ထုတ်ပယ်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ တနင်္လာနေ့မှာ သီးသန့် ဖော်ပြခဲ့ပါတယ်။




ကြာသပတေးနေ့ ညတွင် ပြသမည့် ဒုတိယပိုင်း အင်တာဗျူးတွင် ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက် ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရကြောင်း၊ မန်နေဂျာ Erik ten Hag အား လေးစားမှု မရှိကြောင်း၊ ကလပ်နှင့် အသင်းဖော်များကို ပြစ်တင်ဝေဖန်ခဲ့သည်။




မန်ချက်စတာ ယူနိုက်တက် ရဲ့ရှေ့နေတွေက ရော်နယ်ဒို ရဲ့ မှတ်ချက်တွေကို အနီးကပ် လေ့လာနေပြီး အင်တာဗျူး တစ်ခုလုံးကို မြင်ပြီးတာနဲ့ သူတို့ရဲ့ နောက်ထပ် အပြောင်းအရွှေ့ကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

credit