မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်က သူ့ ဆရာ ဖြစ်ကြောင်း ထုတ်ပြောလာတဲ့ လက်စတာ ကွင်းလယ်လူ မက်ဒီဆန်

လက်စတာ စီးတီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား မက်ဒီဆန် က သူဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် တိုက်စစ် ကစားသမား ဖာနန်ဒက် ကို ကြည့်ပြီး လေ့လာ သင်ယူမှုတွေ လုပ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။




၂၅ နှစ်အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား မက်ဒီဆန် က ယခုနှစ် ရာသီမှာ လက်စတာ စီးတီး ရဲ့ မရှိမဖြစ် ကစားသမား တဦးအဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ ဂိုး သွင်းယူထားနိုင်သလို




ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ မက်ဒီဆန် က ဒီရာသီမှာ ပရီးမီးယားလိဂ် ကွင်းလယ် ကစားသမားတွေ အနက် ဂိုးသွင်း အများဆုံး ကွင်းလယ်လူ အဖြစ် မှတ်တမ်း ဝင်ထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေ ကြောင့်ပဲ အင်္ဂလန် နည်းပြ ဆောက်ဂိတ် က သူ့ကို ၂၀၂၂




ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းရဲ့ လူစာရင်းထဲကို ထည့်သွင်းခဲ့ပါတယ်။ လက်ရှိမှာ မက်ဒီဆန် ဟာ အင်္ဂလန်နဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး သူ့ရဲ့ ဂိုးသွင်းနှုန်းတွေ တိုးတက်လာတာဟာ မန်ချက်စတာ ယူနိုက်တက်




ကွင်းလယ် တိုက်စစ် ကစားသမား ဖာနန်ဒက် ကို ကြည့်ပြီး လေ့လာ သင်ယူမှုတွေ လုပ်ခဲ့တာကြောင့် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့ ရာသီတွေတုန်းက ကျွန်တော် အင်္ဂလန်အသင်း အတွက် ရွေးချယ် မခံရပါဘူး။




အဲ့ဒီ အချိန်မှာ ဖာနန်ဒက် က မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ အတော်လေးကို တောက်ပနေတာပါ၊ သူ့ရဲ့ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေက မယုံနိုင်စရာ ကောင်းတဲ့ ပမာဏ တခုမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က အဲ့ဒီအချိန်မှာ သူ့ရဲ့ ကစားပုံကို သေချာလေး စောင့်ကြည့်ပြီး




လေ့လာခဲ့ပါတယ်၊ သူက ဘယ်လို ဂိုးသွင်းတတ်လဲ၊ သူက ဘယ်လိုမျိုး ပြေးလွှား နေရာယူလဲ၊ ဒီအချက်တွေကို ကျွန်တော် လေ့လာ သင်ယူခဲ့ပါတယ်၊ သူ့ကြောင့်ပဲ ကျွန်တော် ကျောင်းသား တယောက်လို ပြန်ဖြစ်သွားတာပါ။ အဲ့ဒါကြောင့်ပဲ ကျွန်တော်က အခုလို တိုးတက်လာတယ်လို့ ထင်ပါတယ်၊ သူက ကျွန်တော့ ဆရာလိုပါပဲ၊ ကျွန်တော်က ပွဲတိုင်းကို ကြည့်ဖြစ်ပါတယ်၊ ပြီးတော့ လူတိုင်းဆီကနေ လေ့လာ သင်ယူဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit