ရော်နယ်ဒိုနဲ့ ပတ်သက်လို့ သတင်းထောက်ရဲ့ မေးမြန်းမှု အပေါ် ဖြေကြားပေးလာတဲ့ ဘရူနို

လက်ရှိ ကမ္ဘာ့ဘောလုံး လောကမှာ ဟိုးလေး တကျော်ကျော် ဖြစ်နေတဲ့ ပီယာ့စ် မော်ဂန် နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အကြောင်း ကိစ္စနဲ့ ပတ်သတ်ပြီး သုံးသပ် ပြောဆိုမှုတွေ လုပ်ဆောင်လျက် ရှိနေသလို ရော်နယ်ဒိုနဲ့ မန်ချက်စတာ ယူနိုက်တက် မှာရော




နိုင်ငံ လက်ရွေးစင် အသင်း ပေါ်တူဂီ မှာပါ အသင်းဖော်တွေ ဖြစ်နေတဲ့ ဘရူနို ဖာနန်ဒက်စ် က သူ့ အနေနဲ့ ဒီ အင်တာဗျူးကို ဝင်ရောက် ဖတ်ရှုထားခြင်း မရှိလို့ ဘာမှ သုံးသပ် ပြောဆိုစရာလည်း မရှိသလို၊ အဆင်ပြေပြေပဲ ရှိနေတယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်၊ ရော်နယ်ဒို ဟာ မော်ဂန် နဲ့




အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်း အပါအဝင် အသင်းပိုင်ရှင်၊ အသင်း ဘုတ်အဖွဲ့ဝင် တွေနဲ့ အသင်း နည်းပြတွေ အကြောင်းကို စုံစုံလင်လင် ထည့်သွင်း ပြောဆိုလာခဲ့ရာ ဒီ အင်တာဗျူးက သူတို့ အားလုံး အပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့




အသင်းဖော် ဗာရန်းက ထုတ်ဖော်ထား ခဲ့ပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ် ကတော့ ဒီ အင်တာဗျူး ထက် ကမ္ဘာ့ဖလား ကိုသာ အာရုံစိုက် ထားတယ်လို့ ပြောဆို ထားခဲ့ပါတယ်၊ ဘရူနိုက- သု့ရဲ့ အင်တာဗျူးကို ကျွန်တော် မဖတ်ထားဘူး ဆိုတော့ အဆင်ပြေပါတယ်၊ အရင် ကတည်းက




ကျွန်တော် ပြောထားခဲ့ဖူး သလိုပဲ အခုလက်ရှိ ပေါ်တူဂီ အသင်းအကြောင်းကိုပဲ စိတ်ဝင်စားပါတယ် ကျွန်တော်လည်း ရော်နယ်ဒို ကို ပြောထားခဲ့ဖူးပါတယ်။ နည်းပြက အသင်းသားတွေကို ငါတို့ ဆိုတာမျိုး မြင်အောင် ညွှန်ပြခဲ့တယ် ဆိုတာ၊ ကျွန်တော် ၂၀၁၇ ခုနှစ် လက်ရွေးစင် အသင်းကို




ရောက်ရှိလာချိန် ကတည်းက အားလုံးကို အသင်းလိုက် စုစည်းမှု ရှိတတ်အောင် နည်းပြက လုပ်ဆောင်ပေးခဲ့တာပါ၊ နောက်ပြီး ရော်နယ်ဒို ရဲ့ စိတ်ထဲမှာလည်း နိုင်ငံ အသင်းနဲ့ လက်ရွေးစင် အသင်းဖော်တွေ အကြောင်းပဲ ရှိနေမယ် ဆိုတာက သေချာတယ်လို့ ကျွန်တော် ထင်ပါတယ်။




ကမ္ဘာ့ဖလား ဆိုတာ လေးနှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲကြီး ဖြစ်လို့ သေချာပေါက်ကို အာရုံစိုက် ထားရပါမယ်၊ ရော်နယ်ဒို က ကမ္ဘာ့ဖလားကို ၅ ကြိမ် အထိ ယှဉ်ပြိုင်ခွင့် ရရှိရတာပါ အရမ်းကံကောင်းပါတယ်။ အခု ပြိုင်ပွဲဟာလည်း သူ့အတွက် ပဉ္စမမြောက် ကမ္ဘာ့ဖလား ဖြစ်လာမှာပါ။




ဒါကြောင့် သူ အပါအဝင် အသင်းသား အားလုံး အဆင့်သင့် ဖြစ်နေပြီး အားလုံး ကလည်း အသင်း အတွက် အကောင်းဆုံး ပေးဆပ်ချင် နေကြပါတယ်လို့ ဘရူနို ဖာနန်ဒက်စ် က ပြောဆိုသွားခဲ့ပါတယ်၊ ဖာနန်ဒက်စ်ဟာ မနေ့ညက နိုင်ဂျီးရီးယား အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပေါ်တူဂီ အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

credit