ပရီးမီးယားလိဂ် ချန်ပီယံဆု ရစေချင်တဲ့ အသင်းကို ထုတ်ပြောလိုက်တဲ့ ရော်နယ်ဒို
|ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး အစီအစဉ် လုပ်ဆောင်နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို က လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက် သာ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်လာနိုင်ဘူး ဆိုရင် အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ် ဖလား ရရှိစေချင်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
ရုပ်သံတင်ဆက်သူ တစ်ဦး ဖြစ်သလို အာဆင်နယ်အသင်းကို အားပေးသူ တဦးလည်း ဖြစ်တဲ့ ပီယာ့စ် မော်ဂန် နဲ့ မိနစ် ၉၀ စာ အင်တာဗျူး လုပ်ဆောင်ခဲ့တဲ့ ရော်နယ်ဒို ဟာ သူရဲ့ အင်တာဗျူး အတွင်း သူ ကြုံတွေ့ နေရတဲ့ အကြောင်း ကိစ္စတွေကို မကွယ်မဝှက် ထုတ်ဖော် ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ရာ
အခုလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှ မဟုတ်ရင် ပြိုင်ဘက် အသင်းတွေထဲကမှ မော်ဂန် ရဲ့ အနှစ်သက်ဆုံး အသင်းဖြစ်တဲ့ အာဆင်နယ်ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့ မျှော်လင့်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် မှ မဟုတ်ရင် အာဆင်နယ်ကို ပရီးမီးယားလိဂ် ဖလား ရရှိ စေချင်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် သာ ပရီးမီးယားလိဂ် ဖလားကို မရယူနိုင်လို့ အာဆင်နယ် ကသာ ရယူနိုင်ခဲ့မယ် ဆိုရင် ကျွန်တော် ဝမ်းမြောက်မိမှာပါ၊ သူတို့ အသင်းကိုရော သူတို့ နည်းပြကိုရော ကျွန်တော် သဘောကျပါတယ်။
အာဆင်နယ်က အသင်းကောင်း တစ်သင်း ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ လို့ ရော်နယ်ဒို က မော်ဂန် ရဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်၊ အာဆင်နယ် အသင်းဟာ ၂၀၀၃၊ ၂၀၀၄ ဘောလုံးရာသီ နောက်ပိုင်း ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဆယ်စုနှစ် နှစ်ခု နီးပါးလောက်ပင် ရှိနေပြီ ဖြစ်ပေမယ့် ဒီရာသီမှာတော့
အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်လျက် ရှိနေပြီး ဒုတိယ နေရာကို ရောက်ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကိုပါ ၅ မှတ်ထိ ဖြတ်တောက် ထားနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာကို ရောက်ရှိနေတဲ့ ရော်နယ်ဒို ရဲ့
မန်ချက်စတာ ယူနိုက်တက် အသင်းကိုလည်း ၁၁ မှတ်ထိ ဖြတ်တောက် ထားနိုင်ခဲ့ပေမယ့် ဒီရာသီ အိုးလ်ထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့စဉ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက အာဆင်နယ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။
credit