ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ တွေ့ဆုံလိုတဲ့ အသင်းနဲ့ ကစားသမားကို ထုတ်ပြောလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် နဲ့ ပေါ်တူဂီ လက်ရွေူစင် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို က မကြာမီ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သူတို့ အသင်းကသာ ဗိုလ်လုပွဲကြိ တက်ရောက် နိုင်ခဲ့ရင် အစဉ်အလာ ပြိုင်ဘက် မက်ဆီ ရဲ့




အာဂျင်တီးနား အသင်းနဲ့ တွေ့ဆုံချင်ကြောင်း ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်၊ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီအသင်း ခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို က သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ အဖြစ်




၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေသလို တဘက်မှာလည်း မက်ဆီ က ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးရင် သူဟာ အာဂျင်တီးနား အသင်းကနေ အနားယူဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသူ ဖြစ်ပါတယ်၊ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုလုံး




ဘောလုံး လောကကို လွှမ်းမိုးနိုင်ခဲ့တဲ့ ရော်နယ်ဒို နဲ့ မက်ဆီ နှစ်ယောက်စလုံး အတွက် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ နောက်ဆုံး ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပြီး ဘောလုံး ပရိသတ်တွေ ကတော့ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ နှစ်ယောက်ထဲက တယောက်ကို




၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် မြင်တွေ့ချင်နေ ကြပါတယ်။ ရော်နယ်ဒို ကတော့ ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ မက်ဆီကို အသင်းဖော် တဦးလို လေးစားသလို မက်ဆီ က မှော်ဆန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး




သူ့ရဲ့ ပေါ်တူဂီ နဲ့ မက်ဆီ ရဲ့ အာဂျင်တီးနား ကသာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ရင် အတော်လေးကို ကောင်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒို က “တကယ်လို့ ကျွန်တော်တို့နဲ့ အာဂျင်တီးနားသာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ရင် ဒါက အတော်လေးကို




ကောင်းပါလိမ့်မယ်၊ ပြီးတော့ အိမ်မက် တခုလို့တောင် ထင်ချင် ထင်နေဦးမှာပါ။ လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်၊ ဒါ့အပြင် ရော်နယ်ဒို က မက်ဆီ ကို မှော်ဆန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ယခုလို ချီးကျူးသွားခဲ့ပါတယ်။ “မက်ဆီက တကယ်ကို တော်တဲ့




ကစားသမားပါ၊ သူက မှော်ဆန်ပါတယ်၊ လူသား တယောက် အနေနဲ့လည်း သူဟာ အရမ်းတော်ပါတယ်၊ သူနဲ့ ကျွန်တော်က ၁၆ နှစ် တိုင်တိုင် အမြင့်ဆုံး ဆိုတဲ့ နေရာတခုမှာ ရှိနေခဲ့တာပါ၊ ကျွန်တော်နဲ့ သူနဲ့ ကြားမှာ ဆက်ဆံရေးကောင်း တခု ရှိပါတယ်။ ကျွန်တော်က သူနဲ့ ဖုန်းတွေပြောပြီး

သူ့ရဲ့ အိမ်ကို လိုက်လည်တဲ့ သူငယ်ချင်း မျိုးတော့ မဟုတ်ပေမယ့်လည်း သူက ကျွန်တော့် အတွက်တော့ စစ်မှန်တဲ့ အသင်းဖော် တဦးလိုပါပဲ။ လို့ ရော်နယ်ဒို က ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit