အနားယူကြောင်း စပိန် လက်ရွေးစင် ဘောလုံး အဖွဲ့ချုပ်ရဲ့ Message စာလွှာနဲ့ ပတ်သက်ပြီး တုန့်ပြန်လိုက်တဲ့ ဒေးဗစ် ဒီဂီယာ

0
266

မန်ချက်စတာ ယူနိုက်တက် ကာလရှည် ကစားသမား ဒေးဗစ် ဒီဂီယာ က လက်ရွေးစင် ဘောလုံးသမား ဘဝမှ အနားယူ လိုက်ပြီဟု နားလည်မှုလွဲပြီး စပိန်ဘောလုံး အဖွဲ့ချူပ် အကြီးအကဲရဲ့ ဂုဏ်ပြုစကား လက်ခံရလိုက်တဲ့ အပေါ် အံအားသင့်နေပြီး စိတ်မကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။




၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် လက်ရွေးစင် လူစာရင်း ရွေးချယ်ရာမှာ စပိန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အင်းနရစ် က ဂိုးသမား နေရာ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ လက်စွမ်းကောင်းတွေ ပြန်လည် ပြသ လာနိုင်တဲ့ ဝါရင့် ဂိုးသမား ဒေးဗစ် ဒီဂီယာ ကို ရွေးချယ်ခြင်း




မရှိဘဲ လာလီဂါ ကလပ် ဘီဘာအို အသင်းရဲ့ ဂိုးသမား အူနိုင်းဆိုင်မွန်၊ ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားတွေ ဖြစ်တဲ့ ဘရန့်ဖို့ဒ် အသင်းရဲ့ ဂိုးသမား ဒေးဗစ် ရေယာ နဲ့ ဘရိုက်တန် အသင်းရဲ့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် တို့ကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတစ် ဂိုးသမား ဒီဂီယာ အနေနဲ့




လက်ရွေးစင် ကစားသမား ဘဝမှ အနားယူကြောင်း ကြေငြာထားခြင်း မရှိခဲ့ပေမယ့် နည်းပြ လူးဝစ် အင်းနရစ် ရဲ့ လူစာရင်းမှာ ရွေးချယ် မခံခဲ့ ရသလို စပိန် ဘက်မှာ ထွက်ပေါ်လာတဲ့ သတင်း အရင်းအမြစ်တွေ အရ ဒီဂီယာ က စပိန်ဘောလုံး အဖွဲ့ချူပ် ဥက္ကဌ ဖြစ်သူ လူးဝစ် ရူဘီရယ်လီစ် က




ပေးပို့လိုက်တဲ့ လက်ရွေးစင် ကစားသမားဘဝမှ အနားယူ လိုက်တဲ့ အပေါ် ဂုဏ်ယူကြောင်း ပြောဆိုမှု ခံခဲ့ရတာ ဖြစ်ပါတယ်။ ဂျာနယ်လစ် ဂျို့စ် အဲဗာရက်ဇ် က စပိန် ရုပ်မြင်သံကြား အစီအစဉ်မှာ ဒီဂီယာ ထူးဆန်းတဲ့ အရာတွေကို ကြုံတွေ့နေရပါတယ်၊ စပိန် လက်ရွေးစင် လူစာရင်းမှာ ထည့်သွင်း မရွေးချယ်ခဲ့တဲ့ အပေါ် နည်းပြ အန်းနရစ် က




နည်းစနစ်ပိုင်း ဆိုင်ရာကြောင့်လို့ အကြောင်းပြ ရှင်းပြ ပြောဆိုခဲ့ရာ ဒေးဗစ် ဒီဂီယာ ဘက်က ဘယ်အပိုင်းတွေကြောင့်လဲ ဆိုတဲ့ မေးမြန်းမှုကိုတော့ ထပ်မံ ပြန်လည် ဖြေရှင်းသွား ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ရက်နည်းနည်း အကြာမှာပဲ ဒေးဗစ် ဒီဂီယာ ဟာ စပိန်ဘောလုံး အဖွဲ့ချူပ်ရဲ့ အကြီးအကဲ ရူဘီရယ်လီစ် ဆီကနေ




“ဒေးဗစ် ရေ စပိန်လက်ရွေးစင် ဘောလုံးအသင်းကနေ အနားယူသွားတဲ့ အတွက် စိတ်ကူးထားချက် အတိုင်း အကောင်အထည် ဖော်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်” လို့ ပြောဆိုတာကို လက်ခံ ရရှိခဲ့ပါတယ်” အဆိုပါ ပြောစကား အပေါ် ဒေးဗစ် ဒီဂီယာ ကလည်း “စိတ်မကောင်းစရာပဲ၊ ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူလိုက်တယ်လို့ ခင်ဗျားကို ဘယ်သူကများ ပြောလိုက်တာလဲ ?




နည်းပြကသာ ကျွန်တော်ကို ထည့်ရွေး မထားတဲ့ အကြောင်း ပြောဆိုခဲ့တာပါ၊ ကျွန်တော့် အနေနဲ့ကတော့ လက်ရွေးစင် အသင်းက အနားယူလိုက်ဖို့ ကြေငြာထားတာမျိုး မရှိခဲ့ပါဘူး” လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။ လို့ ရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။

credit