ကစားသမား ဘဝက အနားယူဖို့ အစီအစဉ် ရှိနေတဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ မကြာမီ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ကစားသမားဘဝ ကနေ အနားယူဖွယ် ရှိကြောင်း သိရပါတယ်။ ၃၇ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ




မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ၆ လ ကျန်နေသေးပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက မန်ချက်စတာ ယူနိုက်တက် နဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် တို့ကို လူသိရှင်ကြား ပြန်လည် ဝေဖန်ခဲ့တာကြောင့် မကြာမီမှာပဲ အသင်းနဲ့ စာချုပ် ဖျက်သိမ်းရဖို့ ရှိနေပါတယ်။




မန်ချက်စတာ ယူနိုက်တက် ကတော့ ရော်နယ်ဒို ရဲ့ အင်တာဗျူးနဲ့ ပတ်သတ်ပြီး သင့်တော်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာထားပြီး အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းထောက် တချို့ကတော့ မန်ချက်စတာ ယူနိုက်တက် ဟာ မကြာခင်မှာပဲ ရော်နယ်ဒို ကို စာချုပ်ပါ အချက်အလက် များအား ချိုးဖောက်မှုနဲ့




စာချုပ် ဖျက်သိမ်းကာ လက်ကျန် လုပ်ခ လစာတွေကို မပေးချေတော့ဖို့ ဆုံးဖြတ်ထားကြောင်း ဖော်ပြထားကြပါတယ်။
ရော်နယ်ဒို အနေနဲ့ ကတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အပြစ်ပေး အရေးယူမှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်ပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးချိန်မှာလည်း




မန်ချက်စတာ ယူနိုက်တက် ဆီ ပြန်သွားမှာ မဟုတ်ဘူးလို့ ပေါ်တူဂီ အခြေစိုက် သတင်းဌာန တွေက ဆိုပါတယ်။ ဒါကြောင့် ဘောလုံး ပရိသတ်တွေက ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာပြီးရင် ဘယ် အသင်းဆီ ပြောင်းရွှေ့သွားမလဲ ဆိုတာ စိတ်ဝင်စားနေ ကြပြီး ရော်နယ်ဒို ဟာ




ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အကယ်၍ သူသာ ပေါ်တူဂီ နဲ့ ကမ္ဘာ့ ဖလားကို အရယူနိုင်ခဲ့ရင် ကစားသမား ဘဝကို အနိုင်နဲ့ ပိုင်းပြီး အနားယူမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်၊ ရော်နယ်ဒိုက တကယ်လို့ ပေါ်တူဂီ နဲ့သာ ကမ္ဘာ့ဖလားကို အရယူနိုင်ခဲ့ရင် ကစားသမား ဘဝက အနားယူပါမယ်။




ဒါက ၁၀၀ ရာခိုင်နှုန်း အသေ အချာ ပါပဲလို့ ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ရရင် ကစားသမား ဘဝ ကနေ အနားယူမယ်လို့ ပြောကြားထား တာကြောင့် ကမ္ဘာ့ ဖလားကို မရရင် ဘောလုံး ဆက်ကစားနိုင် တယ်လို့ ယူဆနေကြပေမယ့် ရော်နယ်ဒို နဲ့

နီးစပ်သူ တချို့ ကတော့ ရော်နယ်ဒို ဟာ သူနဲ့ သင့်တော်မယ့် အသင်းကြီး တသင်းရဲ့ ကမ်းလှမ်းမှုကို မရရင် ကစားသမား ဘဝကို အဆုံးသတ်ပြီး စီးပွားရေးဘက် အာရုံစိုက်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

credit