အာဆင်နယ်ကို မရောက်မီ မန်ချက်စတာ ယူနိုက်တက် ရဲ့ အကြိမ်ကြိမ် ငြင်းပယ်မှုကို ခံရဖူးကြောင်း ရင်ဖွင့်လာတဲ့ မာတင်နယ်လီ

အာဆင်နယ် ကြယ်ပွင့် ကစားသမား မာတင်နယ်လီ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ခြေစွမ်း စမ်းသပ်ခံခဲ့စဉ်က အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရပြီး လမ်းပျောက်ခဲ့ရတဲ့ အကြောင်း ရင်ဖွင့် ပြောပြလာခဲ့ပါတယ်။ ဘရာဇီးသား ဟာ ၂၀၁၅ ခုနှစ်က မန်ချက်စတာကို လာခဲ့သလို




နောက်၂ နှစ် အတွင်းမှာလည်း အကြိမ်ပေါင်း များစွာ ကာရင်တန် လေ့ကျင့်ရေး ကွင်းမှာ ခြေစွမ်း လာရောက် စမ်းသပ် ခံခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဘက်ကတော့ စိတ်ဝင်စားခြင်း မရှိခဲ့တာကြောင့် မာတင်နယ်လီ ဟာ ဘရာဇီး ကို ပြန်လာခဲ့ပြီး အီတူအာနို နဲ့




ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ်မှာတော့ အာဆင်နယ် အသင်းက မာတင်နယ်လီ ကို ပေါင် ၆ သန်းတည်းနဲ့ ဝယ်ယူသွားခဲ့ ပါတယ်၊ ယခု အချိန်မှာတော့ မာတင်နယ်လီ ဟာ အာဆင်နယ် အသင်းရဲ့ တောင်ပံ နေရာမှာ အဓိက ကစားသမား အဖြစ် ပါဝင် နေခဲ့ပြီ ဖြစ်ပါတယ်။




မာတင်နယ်လီ က- မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အစီအစဉ် တစ်ခု ရှိခဲ့ပါတယ်၊ ကျွန်တော် အဲ့ဒီမှာ ခြေစွမ်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်၊ အဲ့ဒါက အလုပ် မဖြစ်ခဲ့ပေမယ့် ကျွန်တော် ၄ ကြိမ် ၅ ကြိမ်လောက် သွားခဲ့ပါသေးတယ်၊ မန်ချက်စတာ ယူနိုက်တက် က




ဘရာဇီးမှာ ကင်းထောက် အချို့ ရှိပြီး သူတို့က ကျွန်တော် ကစားတာကို တွေ့ခဲ့ပြီး အဖေနဲ့ ဆွေးနွေးပြီး လေ့ကျင့်ခန်း ဆင်းခွင့် ရခဲ့ပါတယ်၊ ဒီတစ်ကြိမ် မှာတော့ ပေါ့ဂ်ဘာ၊ နောက် တစ်ကြိမ်မှာတော့ အီဘရာဟီ မိုဗစ် နဲ့ တွေ့ခဲ့ပါတယ်၊ ဒါက ကျွန်တော် ၃ ကြိမ်မြောက် သွားခြင်း ဖြစ်ပြီး




သူတို့ လိုချင်ရင် ပြောင်းလာမယ် ဆိုပြီး စဉ်းစားခဲ့ပါတယ်။
အသက် ၁၇ နှစ် အရွယ်မှာ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ကို နောက်ဆုံး အကြိမ် သွားခဲ့ပြီး ဘရာဇီးကို ပြန်လာခဲ့ပါတယ်၊ သူတို့က ကျွန်တော့ကို မလိုချင်ဘူးလို့ ပြောတာကြောင့် အိမ်ကို ပြန်လာရပါတယ်။




အဲ့ဒါက အရမ်း အရေးကြီးတယ် ထင်ပါတယ်၊ ကျွန်တော် အငြင်း ခံရပေမယ့် ဒီမှာ ဘောလုံးလောက ဘယ်လို လုပ်တယ် ဆိုတာ သိသွားပါတယ်။ အဲ့ဒီ နောက်တော့ ကျွန်တော် အာဆင်နယ် အသင်းကို ရောက်လာတဲ့ အခါ အဲ့ဒီမှာ အသားကျ ခဲ့ပါတယ်၊ ဒီက ယဉ်ကျေးမှုနဲ့ အလုပ်လုပ်ပုံကို ကျွန်တော် သိထားပြီးပြီလေ။ လို့ မာတင်နယ်လီက ရင်ဖွင့် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit