ပွဲမစမီ စကားအတိုင်း ပထမပိုင်းတင် နိုင်ပွဲရယူသွားတဲ့ အောင်လအန်ဆန်း ပွဲပြီး သုံးသပ်ချက်

0
76

အောင်လ အန်ဆန် ကတော့ သူ့ရဲ့ ပွဲမတိုင်မီ ပြောဆိုထားတဲ့ စကား အတိုင်းပဲ ပြိုင်ဘက် ဂျပန် ဖိုက်တာ ယူရှင် အိုကာမီ ကို ပထမ အချီမှာပဲ အနိုင်ရအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်၊ ဂျပန် ဖိုက်တာ က အောင်လ အန်ဆန် ကို take down နှစ်ကြိမ် အထိ




လုပ်နိုင်ခဲ့ ပေမယ့်လည်း ချုပ်နိုင်ဖို့ အတွက်တော့ ခက်ခဲနေခဲ့ပြီး သူကိုယ်တိုင်ပဲ ပြန်ပြီး ရုန်းထွက်နိုင်အောင် အားထုတ်ခဲ့ရပါတယ်။ နောက် တစ်ကြိမ်မှာလည်း သူက ဆွဲလှဲချဖို့ အခွင့်အရေး စောင့်နေချိန်မှာပဲ အောင်လ အန်ဆန် ရဲ့ ဒူးတိုက်ချက် မိခဲ့ပြီး ပစ်လဲကျခဲ့ကာ




ဆက်တိုက် ထိုးနှက် ခံခဲ့ရပါတော့တယ်၊ ဘယ်လိုမှ မတတ်နိုင်တော့တဲ့ နောက်မှာတော့ အောင်လ အန်ဆန် ကို အရှုံးပေးခဲ့ရပြီး အောင်လ အတွက် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ခြေတလှမ်း လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။




ပွဲစဥ် အပြီးမှာ အောင်လ အန်ဆန် က ပရိသတ်တွေကို ပြန်လည် တွေ့မြင်ရတဲ့ အတွက် ကျေနပ် ဝမ်းသာမိတယ်လို့ ပြောဆိုသွား ခဲ့ပါတယ်၊ ကိုဗစ် ကပ်ရောဂါ ကာလ တလျှောက် ကွင်းပိတ် ထိုးသတ်ပွဲတွေကိုသာ ကျင်းပခဲ့ရတာ ဖြစ်ပြီး အခုကတော့ ပရိသတ်တွေကို




ပြန်လည် ကြည့်ရှုခွင့်ပေးကာ စင်ကာပူမှာ အောင်လ အန်ဆန် ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ပြန်လည် တွေ့ဆုံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အောင်လ အန်ဆန် က မြန်မာပြည် အတွက် ဆုတောင်းပေး နေပါတယ်။




အားလုံးအတွက် ခက်ခဲတဲ့ အချိန်ကာလတွေ ဖြစ်ပြီး အားလုံးကို ကျနော် ချစ်ပါတယ်၊ ဘုရားသခင်က ငြိမ်းချမ်းမှု ပေးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်၊ အားလုံးကို ချစ်ပါတယ်။ လို့ ပြောဆိုခဲ့ပါ သေးတယ်။

credit