ဘရာဇီးလ်က နေမာ တစ်ဦးထဲ မှီခိုနေရတဲ့ အသင်း မဟုတ်ကြောင်း ရှင်းပြလိုက်ပြီး ဒီတစ်ကြိမ် နှစ် နှစ်ဆယ် ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ဟာ ဘရာဇီးလ် အတွက် ဖြစ်ကြောင်း ထုတ်ပြောလာတဲ့ ဘရာဇီးလ် ဂန္တဝင် ကာဖူး
|ကာတာလို အာရှတိုက် ကိုယ်စားပြု နိုင်ငံ တစ်နိုင်ငံမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို မကျင်းပခင်က ဂျပန်နဲ့ တောင်ကိုရီးယား အသင်းတို့က ကမ္ဘာ့ဖလားကို ကျင်းပခဲ့ရာ အဲ့ဒီ ပြိုင်ပွဲမှာ ဘရာဇီးလ် အသင်းက ကမ္ဘာ့ဖလား ချန်ပီယံဆုကို သိမ်းပိုက်သွား နိုင်ခဲ့ပါတယ်။
အသင်းခေါင်းဆောင် ကာဖူး ဦးဆောင်တဲ့ ဘရာဇီးလ် အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း မှာတော့ ဘရာဇီးလ်က ကမ္ဘာ့ဖလား နဲ့ လွဲချော်ခဲ့တာ အနှစ် ၂၀ ရှိခဲ့ပြီ ဖြစ်ပါတယ်၊ ဘောလုံးသမား ကောင်းတွေကို အစဉ်တစိုက် မွေးထုတ်နိုင်တဲ့
ကမ္ဘာ့ အင်အားကြီး ဘောလုံးအသင်း ဖြစ်တဲ့ ဘရာဇီးလ်ဟာ ဘယ်ပြိုင်ပွဲမှာ မဆို ဗိုလ်စွဲဖို့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားတဲ့ အသင်း တသင်း ဖြစ်ပေမယ့် ၂၀၀၂ ခုနှစ် နောက်ပိုင်းမှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ဗိုလ်လုပွဲ အဆင့်ထိတောင် မရောက်ရှိ နိုင်တော့ပဲ ဆီမီးဖိုင်နယ် အဆင့်လောက်သာ အမြင့်ဆုံး အဖြစ်
တတ်လှမ်းနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း ဆီမီးဖိုင်နယ် ပွဲစဉ် အတွင်း ဂျာမနီအသင်းကို 1-7 ဆိုတဲ့ ရလဒ်မျိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်၊ အခုတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အာရှမြေမှာ နောက်ဆုံး အကြိမ် အဖြစ် ရယူထားနိုင်ခဲ့တဲ့ ဘရာဇီးလ်ဟာ
အနှစ် ၂၀ ကြာပြီးနောက် နောက်ထပ် အာရှမြေပေါ်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်လိမ့်မယ်လို့ ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး ကာဖူး က ယုံကြည်နေပါတယ်၊ ကာဖူးက- ဒီနှစ်မှာ ဘရာဇီးလ်က အောင်ပွဲခံ နိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ အခု လက်ရှိ အသင်းက ၂၀၀၂ ခုနှစ် နောက်ပိုင်း အတောင့်တင်းဆုံး အသင်း ဖြစ်နေသလို
အသင်းကလည်း နေမာ တစ်ဦးတည်းပဲ မှီခိုနေရတဲ့ အသင်းမျိုးလည်း မဟုတ်တော့ပါဘူး၊ အခု အသင်းက တိုက်စစ် ကွင်းလယ် ခံစစ် နယ်ပယ် အားလုံးမှာ အားကောင်းနေပါတယ်၊ အနှစ် နှစ်ဆယ် အတွင်း ကမ္ဘာ့ ဖလားကို မဆွတ်ခူးတာ အပြင် ဖိုင်နယ် အဆင့်ကိုတောင် မရောက်ရှိ နိုင်ခဲ့တာက ဘရာဇီးလ် အတွက်
အရမ်းများပါတယ်၊ ဒါကို ကာတာမှာ အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ဘရာဇီးလ်က အခြား အသင်းတိုင်းထက် သာလွန်ပါတယ်၊ ဒါပေမယ့် အာဂျင်တီးနား ကလည်း အလွန် တောင့်တင်းနေတယ်လို့ ကျွန်တော် ထင်တယ်၊ သူတို့ ကစားတာ အလွန်ကောင်းသလို မက်ဆီ ကလည်း ပါရမီရှင် တစ်ဦးပါ။
ပြင်သစ် ကလည်း လွန်ခဲ့တဲ့ ၄ နှစ်က ချန်ပီယံ ဖြစ်ထားခဲ့ဖူးတယ်၊ ဒီ ၃ သင်းပဲ ရေပန်းစားနေမယ်လို့ ထင်ပါတယ်။ ဆိုပြီး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit