ပထမပိုင်းတင် ခြေရေခြေသွေး ကွာဟမှု ကြီးမားခဲ့ပြီး အီကွေဒေါကို နှစ်ဂိုး ပေးခဲ့တာကြောင်း ကာတာ ပရိတ်သတ်များစွာ ထပြန်

မနေ့က ကစားခဲ့တဲ့ ကာတာ နဲ့ အီကွေဒေါ ပွဲစဉ်မှာတော့ အိမ်ရှင် ကာတာ ပရိသတ်တွေဟာ သူတို့ အသင်း အရေးနိမ့်နေချိန်မှာ ကွင်းအတွင်းက ထွက်ခွာခဲ့ကြလို့ နေရာလွတ်တွေ အများကြီး ရှိနေစေခဲ့ပါတယ်၊ ပထမပိုင်းမှာ ကတည်းက




အီကွေဒေါ က အန်နာ ဗလန်စီယာ ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး အိမ်ရှင် ကာတာတို့ ဂိုးပေါက် တည့်အောင်တောင် ကန်နိုင်ခြင်း မရှိတဲ့နောက် ပရိသတ်တွေပါ ထပြန်ခဲ့တာ ဖြစ်ပါတယ်။




ဒီလို ထပြန်မှုနဲ့ အတူ ပထမပိုင်း အပြီး ကွင်းအပြင် ထွက်ခဲ့တဲ့ ပရိသတ်တွေထဲကလည်း ပြန်မဝင် လာတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်၊ ဒါကြောင့် ဒုတိယပိုင်းမှာ ထိုင်ခုံ နေရာလွတ်တွေ ထောင်နဲ့ချီတဲ့ အထိ




ရှိခဲ့ပြီး လူစည်ကား သိုက်မြိုက်စေချင်တဲ့ ပြိုင်ပွဲ တာဝန်ရှိသူတွေ အတွက်တော့ စိတ်ပျက်စရာ မြင်ကွင်း ဖြစ်ခဲ့ရကာ ကာတာတို့ ရလဒ်လည်း ရှုံး၊ မျက်နှာပန်းလည်း မလှ ဖြစ်ခဲ့ရပါတယ်။




ကမ္ဘာ့ဖလားမှာ ခြေစွမ်း ပြနိုင်ဖို့အတွက် အချိန်ယူ တည်ဆောက် ထားခဲ့တဲ့ ကာတာဟာ အီကွေဒေါကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ပါဘူး၊ တပွဲလုံးမှာ အီကွေဒေါက စိတ်ကြိုက် ထိန်းချုပ် ကစားခဲ့ပြီ




သူတို့ အသင်းဂိုးသမားကို ပရိသတ်တွေ မြင်တွေ့ရချိန်ကလည်း အနည်းငယ်သာ ရှိခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ အဆိုပါ အကြောင်းကလည်း ပြောချင်စရာ ကောင်းတဲ့ ဖြစ်ရပ် အဖြစ် ရှိနေခဲ့ပါတယ်။




ဒီပွဲစဥ်ကို တက်ရောက် ကြည့်ရှုသူ ၆ သောင်း ၇ ထောင်ကျော် ရှိတယ်လို့ ဒုတိယပိုင်းမှာ ကြေညာခဲ့ပေမယ့် အားကစားကွင်း အတွင်း ပရိသတ်တွေ သိသိသာသာကို နည်းနေခဲ့တာ ဖြစ်ပါတယ်၊ အီကွေဒေါ ပရိသတ်တွေ ကတော့ အိမ်ရှင်အသင်းကို




အနိုင်ရခဲ့တဲ့ သူတို့ အသင်းကို ဂုဏ်ပြုဖို့ အတွက် ပွဲပြီးဆုံးတဲ့ အချိန်ထိ ဆက်လက် ရှိနေခဲ့ပါတယ်၊ ဖီဖာ ကတော့ ပြိုင်ပွဲ အတွက် လတ်မှတ်ပေါင်း ၃ သန်း နီးပါးခန့် ရောင်းချခဲ့ ရတယ်လို့ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။

credit