မမျှော်မှန်းဖူးတဲ့ လစာ တိုးမြင့်ခြင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ရရှိတော့မည့် ဂါနာချို

Manchester United အသင်းဟာ အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး အလက်ဂျန်ဒရို ဂါနာချို ကို အသင်းမှာ ဆက်လက် ထိန်းသိမ်း သွားနိုင်ဖို့ အတွက် ဂါနာချို ရဲ့ လက်ရှိ လုပ်ခ လစာရဲ့ ၁၀ စာအထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။




အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ် တိုက်စစ် ကစားသမားလေး ဂါနာချို ဟာ ဒီနှစ် ဘောလုံးရာသီ အတွင်း နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပွဲ ကစားခွင့်တွေ ဆက်တိုက် ရရှိလာခဲ့ပြီး ဂါနာချို ကိုယ်တိုင်ကလည်း ဒီ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။




၂၀၂၀ ခုနှစ်မှာပဲ အသက်လက်တီကို အသင်းကနေ မန်ချက်စတာယူနိုက်တက် လူငယ် အသင်းဆီကို ရောက်ရှိ လာခဲ့တဲ့ ဂါနာချို ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာပဲ မန်ချက်စတာ ယူနိုက်တက် ယူ – ၁၈ အသင်းနဲ့ အလွန် ထွန်းတောက် လာနိုင်ခဲ့ပြီး လက်ရှိ ရာသီမှာလည်း ယခု အချိန်ထိ ၈ ပွဲထိ ကစား ထားရသလို သွင်းဂိုး ၂ ဂိုးထိပါ သွင်းယူ ထားနိုင်ခဲ့ ပါသေးတယ်။




အလားအလာ ကောင်းတွေ များစွာ ပိုင်ဆိုင်ထားတဲ့ လူငယ် ကြယ်ပွင့်လေး ဂါနာချို ဟာ လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဂါနာချို ရဲ့ စာချုပ် အခြေအနေ ကိုလည်း ကလပ်အသင်း များစွာက စောင့်ကြည့် နေတာကြောင့်




မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က ကစားသမားလေးကို အသင်းမှာပဲ ဆက်ထိန်း ထားနိုင်ဖို့ အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်၊ ဂါနာချို ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အပိုဆုကြေးတွေ အပါအဝင် တစ်ပတ် လုပ်ခ ပေါင် ၅၀၀၀ သာ ရရှိနေတဲ့




ကစားသမား တစ်ဦး ဖြစ်နေတာကြောင့် သူရဲ့ လုပ်ခလစာကို ပေါင် ၅၀၀၀၀ အထိ ဆယ်စ တိုးမြှင့်ပေးပြီး စာချုပ်သက်တမ်း တိုးသွားဖို့ မန်ချက်စတာ ယူနိုက်တက် ဘက်က ကြိုးပမ်း လာခဲ့ပါတယ်၊ နိုဝင်ဘာလရဲ့ အကောင်းဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမား ဆုကိုပါ




ပိုင်ဆိုင် ထားခဲ့ရတဲ့ ဂါနာချို ဟာ ရီးယဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာ တို့လို အင်အားကြီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေပေမယ့်လည်း ကစားသမား ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက် မှာ ကစားနေရ ခြင်းကိုသာ သဘောကျနေတဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် ရဲ့ သက်တမ်းတိုးရေး ကမ်းလှမ်းမှုကိုလည်း လက်ခံသွား ဖွယ်လည်း ရှိနေပါတယ်။

credit