ကာတာမှာ ဘီယာရှာရင်း နန်းတော်ထဲ ရောက်ရှိသွားတဲ့ အင်္ဂလန်သား နှစ်ဦး

ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကာတာကို ရောက်ရှိနေတဲ့ အင်္ဂလန် ပရိသတ် နှစ်ဦးဟာ ဘီယာ လိုက်ရှာရင်း ကာတာ နန်းတော်ကို ရောက်သွားတဲ့ သူတို့ရဲ့ အဖြစ်ကို ပြန်လည် ပြောဆိုခဲ့ သတင်းတွေမှာ ရေပန်း စားနေပါတယ်။




သူတို့ရဲ့ ဘီယာ ရှာဖွေရေး ခရီးစဉ်မှာ ဘီယာ ဘယ်မှာ ရနိုင်မလဲ လိုက်မေးရင်း ကာတာ စော်ဘွားရဲ့ သားတဦးနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့မိခဲ့ ကြတာပါ၊ အဲဒီ နောက်မှာတော့ သူတို့ နှစ်ယောက်ကို စော်ဘွားသားက သူတို့ နေထိုင်ရာ

နန်းတော်ဆီ ခေါ်ဆောင် သွားခဲ့တယ် လို့ ဆိုပါတယ်၊ အဆိုပါ နန်းတော်မှာတော့ မျောက်၊ ခြင်္သေ့ နဲ့ ရှားပါး ငှက်တွေကို သူတို့ မြင်တွေ့ခဲ့ရတဲ့ အကြောင်းကို ပြန်လည် ဖော်သည်ချ ပြောဆိုလာတဲ့ ဇာတ်လမ်းက တော်တော်လေးကို




ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ် ၊TALKSPORT နဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ် မှ ာအင်္ဂလန် နဲ့ အဲဗာတန် ပရိသတ် ဖြစ်သူ အဲလက်စ်က ကျနော်တို့မှာ အချိန်ကောင်းလေး တခု ရှိခဲ့တယ်၊ လို့ ဆိုပါတယ်၊ ဘီယာ ရှာဖွေတဲ့ အုပ်စုမှာ ပါဝင်ခဲ့တဲ့

ဂျွန် ဆိုတဲ့ ပရိသတ် ကတော့ မနေ့ညက ကျနော်တို့ ရှိတ်ရဲ့ သားတွေထဲက တယောက်နဲ့ တွေ့ခဲ့ပြီး သူက ကျနော်တို့ကို နန်းတော်ဆီ ခေါ်သွားခဲ့ပြီး သူ့မှာရှိတဲ့ ခြင်္သေံ တွေနဲ့ အရာရာတိုင်းကို ပြသခဲ့တယ်၊ ကျနော်တို့ကို သူတို့က ကြိုဆိုခဲ့ပြီး




ကျနော်တို့ နားမှာပဲ ဝိုင်းအုံနေ တော့တာ၊ လို့ ပြောပြခဲ့ပါတယ်၊ အဲလက်စ် ကလည်း ကျနော်တို့ ဘီယာလေးများ ရနိုင်မလား လိုက်ရှာနေ တာလို့ ပြောတော့ သူတို့မှာ ရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့ တိုယိုတာလင် ခရူဇာ ကားနောက်ခန်းပေါ်

ကျနော်တို့ ခုန်တက်ပြီး လိုက်သွားတာ နန်းတော်မှာ အဆုံးသတ် တော့တာပဲ၊ သူက မျောက်တွေ၊ ခြင်္သေ့တွေ၊ ထူးခြားဆန်း ပြားတဲ့ ငှက်တွေ နဲ့ အသီးတချို့ကို ပြခဲ့ပါတယ်။ လို့ ထပ်မံ ပြောသွားခဲ့ပါတယ်။ အဲလက်စ် ရဲ့ လူမှုကွန်ရက် မှာတော့




နန်းတော်ကို ရောက်ရှိခဲ့တဲ့ ဗီဒီယိုကို Stroy အဖြစ်နဲ့ ပြန်လည် ဖော်ပြ ထားတာကို မြင်တွေ့ရပါတယ်၊ သူတို့ရဲ့ ဘီယာ ရှာဖွေရေး ခရီစဉ်ဟာ နောက်ဆုံးမှာတော့ ခြင်္သေ့တွေနဲ့ အတူ နန်းတော်မှာ အဆုံးသတ်ခဲ့ရပြီး ရှားပါးလှတဲ့ ဖြစ်ရပ်တခု အဖြစ် သူတို့ ဘ၀မှာ အမှတ်တရ အနေနဲ့ ရှိနေတော့မှာလည်း ဖြစ်ပါတယ်။




credit