တစ်ဂိုးရဖို့ တစ်မိနစ်ပဲလိုတဲ့ ရက်ရှ်ဖိုဒ်နဲ့ အင်္ဂလန်တို့ ဂိုးမိုးရွာတဲ့ အင်္ဂလန် 6-2 အီရန် ပွဲပြီး သုံးသပ်ချက်

အင်္ဂလန် လက်ရွေးစင် အသင်းကတော့ အုပ်စု အဖွင့်ပွဲမှာ အီရန်ကို ဂိုးပြတ် အနိုင်ယူပြီး တာထွက် လှပ ခန့်ညားသွားခဲ့ပါပြီ၊ ခြေစွမ်း ကောင်းကောင်း၊ မ ကောင်းကောင်း တကမ္ဘာလုံး က စောင့်ကြည့်နေရတဲ့ အသင်း တသင်း အနေနဲ့ ရှိနေတဲ့




အင်္ဂလန် ဟာ အီရန်ကို သက်တောင့် သက်သာ ကစားပြီး ဂိုးပြတ် အနိုင်ယူကာ အုပ်စုဗိုလ် ဖြစ်ဖို့ အတွက် တာစူလိုက်ပြီလို့ ပြောလို့ရပါတယ်၊ ကလပ် အသင်းတွေမှာ​ ခြေစွမ်းပြ နေတဲ့ အာဆင်နယ် အသင်းက ဆာကာ၊ ဒေါ့မွန် အသင်းက




ဘီလင်ဟမ် တို့က အင်္ဂလန် အတွက် ဂိုးတွေ သွင်းယူ ပေးနိုင်ခဲ့ပြီး စတာလင် ကလည်း ဂိုးပေါက် တွေ့ရှိခဲ့ပါတယ်၊ လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ် ကတော့ သရဲနီသွေး ဘယ်လောက်ရဲသလဲ ဆိုတာ ပြသခဲ့ပြီး ပထမဆုံး ဘောလုံးထိချက် ကနေ




တစ်မိနစ် အတွင်း ဂိုး ရအောင် သွင်းယူပြခဲ့တာ ဖြစ်ပါတယ်၊ အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ နှစ်ကြိမ် ဖန်တီး ခြေစွမ်းပြခဲ့လို့ အင်္ဂလန် တိုက်စစ် ကစားသမားတွေ ခြေမြူးခဲ့တယ်လို့ ဆိုရပါမယ်။ ဟယ်ရီ မက်ဂွိုင်းယား ကလည်း ဒီနေ့မှာ ခြေစွမ်းပြ ကစားခဲ့ပြီး ဂိုးရလု နီးပါး အထိပါပဲ၊ ဆာကာ အတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။




အသင်းကြီးတွေနဲ့ ရင်ဆိုင်ရ ချိန်မှသာ အင်္ဂလန်ရဲ့ ခြေစွမ်းအမှန်ကို တွေ့ရမှာ ဖြစ်ပြီး သူတို့က အုပ်စု အဆင့်မှာ နဂို ကတည်းက အခက်အခဲ မရှိလောက်ဘူးလို့ အားလုံးက ယူဆထား ပြီးသားပါ၊ အားလုံး ထင်မှတ်ထားသလိုပဲ အဖွင့် ပွဲစဥ်မှာတင် သူတို့ လုပ်ပြနိုင်ခဲ့ပါတယ်၊ အင်္ဂလန် ပရိသတ်တွေ အတွက် ကျေနပ်စရာ ရလဒ်ကောင်း တခု ဖြစ်ခဲ့ပြီး




ယုံကြည်မှု မြင့်မြင့်မားမား ရသွားမှာ သေချာပါတယ်၊ ဆာကာ ကိုတော့ တကယ် ချီးကျူးချင်ပါတယ်၊ သူ့အတွက် ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တည်တည် ငြိမ်ငြိမ် နဲ့ ကစားနိုင်ခဲ့သလို နှစ်ဂိုး အထိ ရခဲ့ပါတယ်။ အာဆင်နယ် အတွက်တော့ တကယ့်ရွှေပါပဲ၊ ဘီလင်ဟမ် ကလည်း ဒေါ့မွန် အတွက် ငွေပုံကြီး ယူလာပေးမယ့် သူ ဆိုတာကို ထပ်ပြီးတော့ ပြသသွားခဲ့ပါတယ်။

credit