ရော်နယ်ဒို ရဲ့ အနင့်နာ ခံမှုကြောင့် အသင်း ပိုင်ရှင်သစ်ကို ကြိုဆိုရတော့မယ့် မန်ယူ
|Manchester United အသင်းပိုင်ရှင် ဂလေဇာ မိသားစု ဟာ ကလပ်ကို ရောင်းချတော့မှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပြီ ဖြစ်ပါတယ်၊ ဒါဟာ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အင်တာဗျူးမှာ လူသိရှင်ကြား ဝေဖန်ခံရ အပြီး ဂလေဇာ မိသားစု က သဘောထား
ပြောင်းလဲ လာခဲ့တာပဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အမေရိကန် ပိုင်ရှင်တွေ ဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ်တွေကို ချိတ်ဆက်ပြီး အသင်းကို ရောင်းချတဲ့ လုပ်ငန်းစဉ်ကို အကြံပေးဖို့လည်း ချိတ်ဆက်ထားပြီ ဖြစ်ပြီး ၁၇ နှစ်ကြာ ပိုင်ဆိုင်ခဲ့တဲ့ အသင်းကို
အမှန်တကယ်ပဲ လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ၊ ကြာသပတေး နေ့က ထုတ်ပြန်လာတဲ့ ကြေညာချက်ထဲမှာ မန်ချက်စတာ ယူနိုက်တက် က– မန်ချက်စတာ ယူနိုက်တက် ရဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာတွေက အသင်းအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို
ရှာဖွေနေပြီ လို့ အသိပေးလိုက်ပြီး အသင်းကို အနာဂတ်မှာ ပိုမို တိုးတက် ကြီးထွားလားဖို့ အတွက် ကွင်းတွင်း၊ ကွင်းပြင်၊ အောင်မြင်မှုတွေ အရှိန်မြှင့် ရယူမယ်လို့ ဆိုပါတယ်။ ဒီအတွက် ဘုတ်အဖွဲ့က အသင်းထံ ရင်းနှီးမြှုပ်နှံမှု အသစ်၊ ရောင်းချမှု၊ စတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားသွားမှာ
ဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။ အသင်း အတွက် ကွင်းကိစ္စတွေ၊ လိုအပ်တဲ့ အရင်းအမြစ် တွေနဲ့ ပုံရိပ် တိုးတက်လာအောင် လုပ်နိုင်မှာတွေ သေချာ ဆန်းစစ်ပြီး၊ ဖိုင်နယ် ဆုံးဖြတ်ချက် ကို ပြီးစီးချိန်မှာ ဘုတ်အဖွဲ့ ကနေ ကြေညာမယ်လို့ ဆိုထားပါတယ်။ သတင်းတွေ အရ- ပြီးခဲ့တဲ့ လထဲမှာ
ဂလေဇာ မိသားစု က မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ ချိတ်ဆက် မေးမြန်းမှုတွေ အပေါ် ပေါင် ကိုး ဘီလီယံ ရမှ ရောင်းမယ်လို့ အကြောင်းပြန် ထားဖူးကြောင်း သိရပါတယ်၊ ပြီးခဲ့တဲ့ မေလထဲမှာ ချဲလ်ဆီး အသင်းဟာ အေဗရာ မိုဗစ်ချ် ရောင်းချချိန်မှာ တော့ဒ်ဘိုလေ တို့
အုပ်စုက ပေါင် ၄.၂၅ ဘီလီယံ နဲ့ ဝယ်ယူသွားခဲ့တာပါ။ ဗြိတိန် ဘီလျံနာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦးလည်း ဖြစ်တဲ့ Sir Jim Ratcliffe က မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ ဆက်သွယ် မေးမြန်းလာဖွယ် ရှိနေပါတယ်၊ ၎င်းက အောက်တိုဘာ လထဲမှာလည်း
ဂလေဇာ မိသားစုသာ ရောင်းမယ် ဆိုရင် သူ့ အနေနဲ့ ဝယ်ယူဖို့ ညှိနှိုင်းလိုကြောင်း ထုတ်ဖော် ပြောဆို ထားခဲ့ပါတယ်။
credit