မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲခဲ့ရပြီ ဖြစ်တဲ့ ရော်နယ်ဒို နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလာတဲ့ ဘရူနို

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် က မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် ဖျက်သိမ်းဖို့ သဘော တူညီခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ လက်ရွေးစင် အသင်းမှာ တွဲဖက် ကစားရတာ သူ့အတွက် စိတ်မသက်မသာ ဖြစ်စေမှာ မဟုတ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။




ရော်နယ်ဒို ဟာ ပီယာ့စ် မော်ဂန် နဲ့ အင််တာဗျူး လုပ်ဆောင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကို စီးပွားရေဆန်တဲ့ ကလပ်လို့ ခေါင်းစဥ် တပ်ခဲ့သလို နည်းပြ အဲရစ် တန်ဟက်ဂ် အပေါ်လည်း လေးစားသမှု မရှိကြောင်း ပြောခဲ့ပြီး၊ အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပိုင်ရှင် တစ်ဦး ဖြစ်တဲ့




ဂျိုးလ် ဂလေဇာ၊ အမှုဆောင်ချုပ် ရစ်ချက် အာနိုး၊ အားကစား ဒါရိုက်တာ ဂျွန် မားတော့ဗ်၊ နည်းပြ အဲရစ် တန်ဟက်ဂ် တို့က ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာပါ၊ အခုတော့ ရော်နယ်ဒို နဲ့ ကလပ်မှာရော လက်ရွေးစင် အသင််းမှာပါ အသင်းဖော် အဖြစ် ကစားနေတဲ့ ဘရူနို က သူနဲ့ တွဲဖက် ကစားရလို့




သက်သောင့်သက််သာ မဖြစ်တာ မရှိကြောင်း ဒီသတင်းက သူတို့တွေရဲ့ အသင်းအဖွဲ့ စိတ်ဓါတ်ကို ထိခိုက်စေမှာ မဟုတ်ကြောင််း ပြောလိုက်ပါတယ်၊ ဘရူနိုက- နိုးပါ၊ ခရစ္စတီယာနို က ကျွန်တော်နဲ့ ဒီအကြောင်း ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး၊ ဒါက သူ့ ဆုံးဖြတ်ချက်ပါ၊ ကျွန်တော်တို့ အားလုံး ခုချိန်မှာ




လက်ရွေးစင် အသင်း အပေါ်မှာ အာရုံစိုက်နေကြပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အကြောင်းပဲ တွေးတောနေကြပါတယ်။ ပြိုင်ပွဲကြီး ကစားရတော့မှာပါ၊ ဒါဟာ ကစားသမားတိုင်းရဲ့ အိပ်မက်တစ်ခုပါ၊ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး ဒီပြိုင်ပွဲကို 100 % အာရုံစိုက်နေ ကြပါတယ်၊ ကျွန်တော်တို့




ဘာလုပ်ရမလဲ သိကြတယ်၊ သူနဲ့ အတူ တွဲဖက် ကစားရတဲ့ အတွက် သက်သောင့်သက်သာ မဖြစ်ဘူးလို့ ခံစားရတာမျိုး မရှိပါဘူး။ လက်ရွေးစင် အသင်းမှာ ခရစ္စတီယာနိုလို ကစားသမားနဲ့ အတူ ကစားခွင့် ရရှိတယ် ဆိုတာက တကယ့် အခွင့်ထူးပါ၊ ပြီးတော့ ကလပ်အသင်း အဆင့်မှာ သူနဲ့ တွဲဖက် ကစားခွင့် ရတာကလည်း အိပ်မက်တွေ တကယ် ဖြစ်လာခြင်းပါပဲ။




ဒါပေမဲ့ ဘယ်အရာမှ ထာဝရ တည်မြဲ နေမှာတော့ မဟုတ််ဘူး၊ အခု ခရစ္စတီယာနို သူ့ဘဝ အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။ သူ့ အနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် ကျွန်တော်တို့ အနေနဲ့ လေးစားသမှု ရှိရပါ့မယ်၊ ကမ္ဘာ့ဖလား ဆိုတာ ခရစ္စတီယာနို အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ ကျွန်တော်တို့ သိထားပါတယ်၊ သူ့ရဲ့ အာရုံတွေ ဒီမှာပဲ ရှိနေမှာပါ။ လို့ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

credit