မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်သစ် ဖြစ်လာတော့မည့် ဒေးဗစ် ဘက်ခမ်း
|Manchester United ကြယ်ပွင့်ဟောင်း တဦး ဖြစ်သလို လက်ရှိ အမေရိကန် မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီ အသင်း ပိုင်ရှင် ဘက်ခမ်း က အရောင်းစာရင်း တင်ထားတဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူလိုနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်း အရင်းအမြစ်က ဖော်ပြသွားခဲ့ပါတယ်။ Manchester United ကို
ပိုင်ဆိုင်တဲ့ အမေရိကန် သန်းကြွယ်သူဌေး ဂလေဇာ မိသားစုဟာ ယမန်နေ့က သူတို့ အသင်းဟာ ရင်းနှီးမြှုပ်နှံသူ အသစ်၊ ပိုင်ရှင် အသစ်ကို ရှာဖွေနေကြောင်း ဘုတ်အဖွဲ့မှ တရားဝင် ထုတ်ပြန်ပြီး အသင်းကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး ဂလေဇာမိ သားစုက မန်ချက်စတာ ယူနိုက်တက် အသင်းကို
ရောင်းချရာ ကနေ ပေါင် ၆ ဘီလီယံ ဝန်းကျင် အထိ အလိုရှိကြောင်း သိရပါတယ်။ တဘက်မှာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ဘက်ခမ်းက လက်ရှိ အထိ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချစ်မြတ်နိုးနေဆဲ ဖြစ်သလို သူဟာ မကြာခဏ မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် ကို သွားရောက်ပြီး ပရိသတ်တွေနဲ့
တွေ့ဆုံ စကားလက်ဆုံ ကျလေ့ ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် ဘက်ခမ်းက ဂလေဇာ မိသားစု ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောင်းချတော့မယ် ဆိုတဲ့ သတင်းကို ကြားတာနဲ့ သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်း ဘီလီယံနာ တွေဆီ သွားပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို စပ်တူ ဝယ်ဖို့
ကြိုးစားနေခဲ့ပါတယ်၊ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Financial Times သတင်းဌာနရဲ့ ဖော်ပြချက် အရ ဘက်ခမ်းက သူ တစ်ဦးထဲနဲ့ မန်ချက်စတာ ယူနိုက်တက် ကို မဝယ်ယူနိုင်ပေမယ့် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပူးပေါင်းပြီး မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ အစီအစဉ် ဆွဲနေပြီး ဘက်ခမ်းရဲ့ မိတ်ဆွေတွေက မန်ချက်စတာ ယူနိုက်တက် အသင်းကို
ဝယ်ယူသွားဖို့ စိတ်ဝင်စားကြောင်း သိရပါတယ်၊ ဘက်ခမ်းက ပေါင် သန်း ၅၀၀ ဝန်းကျင်သာ ကြွယ်ဝ ချမ်းသာသူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူနိုင်ဖို့ အတွက် ဆိုရင် သူဟာ အနိမ့်ဆုံး ဘီလီယံနာ မိတ်ဆွေ သုံးဦးခန့်နဲ့ လက်တွဲ လုပ်ဆောင်ရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်း ပရိသတ်တွေ ကတော့ ဘက်ခမ်းကို သူတို့ အသင်းရဲ့ ပိုင်ရှင်သစ် အဖြစ် မြင်တွေ့ချင် နေကြပါတယ်။
credit