ဒူဘိုင်း စော်ဘွားအုပ်စုနဲ့ အပြိုင် မန်ချက်စတာ ယူနိုက်တက် အသင်းကို အရ ဝယ်ယူရန် ဗြိတန် ဘီလီယံနာ သန်းကြွယ် သူဌေး ကြိုးစားနေ

ဗြိတိန် နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယံနာ သန်းကြွယ် သူဌေး တဦး ဖြစ်သူ ရက်ကလစ်ဖ် က သူ ငယ်ငယ်ထဲက အားပေးလာခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒူဘိုင်း စော်ဘွားအုပ်စုနဲ့ အပြိုင် ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း




အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အမေရိကန် သန်းကြွယ်သူဌေး ဂလေဇာ မိသားစုက မန်ချက်စတာ ယူနိုက်တက် ကို ဆယ်စုနှစ် နှစ်စု နီးပါး ပိုင်ဆိုင်ခဲ့ပေမယ့် ယခု အချိန်မှာတော မန်ချက်စတာ ယူနိုက်တက် အသင်းကို ပိုင်ရှင်သစ် တဦးထံ




ပြန်လည် ရောင်းချချင်နေပြီး ယမန်နေ့မှာလည်း မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ပိုင်ရှင်သစ် ရင်းနှီးမြှုပ်နှံမှု အသစ်ကို ရှာဖွေနေကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ Manchester United ဘုတ်အဖွဲ့ရဲ့ ကြေညာချက် အပြီးမှာပဲ ကမ္ဘာ တဝှမ်းရှိ ဘီလီယံနာ သန်းကြွယ်သူဌေး




အတော်များများက မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ လှုပ်ရှားလာကြပြီး နာမည်ကြီး အာရပ် နိုင်ငံ တခု ဖြစ်တဲ့ ဒူဘိုင်း နိုင်ငံရဲ့ အမည် မဖော်လိုတဲ့ စော်ဘွား တဦးကလည်း မန်ချက်စတာ ယူနိုက်တက် ကို ပေါင် ၁၀ ဘီလီယံထိ အကုန်အကျခံပြီး ဝယ်ယူ ချင်နေကြောင်း




အာရပ် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ တဘက်မှာတော့ ဗြိတိန် နိုင်ငံရဲ့ ဆာဘွဲ့ရ သူဌေးကြီး ဂျင်မီ ရက်ကလစ်ဖ် က မန်ချက်စတာ ယူနိုက်တက် ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပြီး ရက်ကလစ်ဖ် ဟာ ပေါင် ၁၃.၅ ဘီလီယံထိ ကြွယ်ဝ ချမ်းသာတာကြောင့် ဒူဘိုင်း




အမည်မသိ စော်ဘွားနဲ့ အပြိုင် မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူနိုင်စွမ်း ရှိနေပါတယ်။ ဗြိတိန် သတင်းဌာနတွေ ဖြစ်တဲ့ Telegraph၊ Mirror၊ Daily Mail၊ စတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ အရ ရက်ကလစ်ဖ် က မန်ချက်စတာ ယူနိုက်တက် ကို ပေါင် ၆ ဘီလီယံ ဝန်းကျင်နဲ့




ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး ရက်ကလစ်ဖ် ရဲ့ ကိုယ်စားလှယ်တွေ ကလည်း မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ လှုပ်ရှားနေကြ ကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစု ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပေါင် ၅ ဘီလီယံ နဲ့ ၇ ဘီလီယံ ဝန်းကျင် အကြား ပမာဏ တရပ်နဲ့ ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

credit