ရော်နယ်ဒိုနဲ့ လမ်းခွဲအပြီး အသင်းပုံရိပ်ကို ပြန်လည် မြှင့်တင်မယ့် ပစ်မှတ် ကြယ်ပွင့် ကစားသမား နှစ်ဦးကို အတည်ပြု ထုတ်ပြန်လိုက်တဲ့ Mirror
|Manchester United အသင်းဟာ အစီအစဉ် တင်ဆက်သူ ပီယာ့စ် မော်ဂန် နဲ့ မိနစ် ၉၀ ကြာ အင်တာဗျူး ပြုလုပ်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ နှစ်ဦး နှစ်ဖက် သဘောတူ လမ်းခွဲ ပြီးနောက် သူ့ နေရာကို အစားထိုးဖို့ အတွက် တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေပြီ ဖြစ်ပါတယ်။
ရော်နယ်ဒို နဲ့ လမ်းခွဲမှု သတင်း အပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ဂလေဇာ မိသားစုက ရောင်းချဖို့ ရှိကြောင်း သတင်းထွက်လာ ခဲ့သလို၊ ဆက်လက်ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ ရော်နယ်ဒို နေရာမှာ အစားထိုးဖို့ မယုံနိုင်စရာ ပလန်တွေ ရှိနေကြောင်း
အင်္ဂလန် သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။ Manchester United ရဲ့ ပထမ ပလန်က ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ ကြိုးစားနေတယ် လို့ သတင်းကြီး ထားတဲ့ အမ်ဘတ်ပီကို ခေါ်ယူရေးပါ၊ ပြင်သစ်သား အတွက် မန်ချက်စတာ ယူနိုက်တက် ဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ အထိ
ပေးနိုင်ပြီး တစ်ပတ် လုပ်ခ အဖြစ် ပေါင် ၅ သိန်းအထိ ရှိတဲ့ စာချုပ် တရပ်နဲ့ ကမ်းလှမ်းနိုင်တယ်လို့ Mirror ရဲ့ ဖော်ပြမှု အရ သိရပါတယ်။ အမ်ဘတ်ပီ ကို ခေါ်ယူဖို့ မအောင်မြင်ရင် နောက်ထပ် ပလန် ကတော့ နာပိုလီ အသင်းမှ တိုက်စစ်သမား အိုဆင်ဟမ် ကို ချိတ်ဆက်ဖို့ ဖြစ်ကာ
ဇန်နဝါရီမှာတင် ရဖို့ထိ စိတ်ဝင်စားနေတာလို့ အဆိုပါ သတင်းက ဆိုပါတယ်၊ အိုဆင်ဟမ် အတွက် လုပ်ခနဲ့ ပြောင်းရွှေ့ကြေးက အမ်ဘတ်ပီထက် နည်းမှာ ဖြစ်ပေမယ့် ဇန်နဝါရီမှာပဲ ရဖို့ ဆိုရင် မလွယ်ကူ လှပါဘူး။ ပြီးခဲ့တဲ့ နွေတုန်းက အသုံးစရိတ် ပေါင် သန်း ၂၀၀ လောက် အထိ အသုံးပြုထားတဲ့
မန်ချက်စတာ ယူနိုက်တက် ဟာ ၂၀၂၃ နွေမှ လူသစ် ခေါ်ယူရေး အားထည့်မယ်လို့ သိထားရပေမယ့် ရော်နယ်ဒို ထွက်ခွာသွားခြင်းကြောင့် ကျဆင်းသွားတဲ့ ပုံရိပ်ကို တိုက်စစ်သမား တစ်ဦးဖြင့် ပြန်လည် မြှင့်တင် လိုနေခြင်းလား ဆိုတာကိုတော့ လမယ့် လတွေမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
credit