နေမာရဲ့ ဒဏ်ရာ အခြေအနေကို အတည်ပြု ပေးလာတဲ့ Daily Mail

ဆာဘီးယား နဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး လူစား လဲလှယ်ခံ ရတဲ့နောက် နေမာ တစ်ယောက် အရန်ခုံတန်းမှာ မျက်ရည်တွေ ကျနေခဲ့ပါတယ်၊ ဘရာဇီးလ် အသင်းနဲ့ အတူ သူ့ အတွက် ပထမဆုံး ကမ္ဘာ့ဖလား ကို ရယူဖို့ ရည်မှန်းထားတဲ့ နေမာ ဟာ




ဒီ ဒဏ်ရာကြောင့် ပွဲ ကစားချိန် ၈၀ မိနစ်မှာ အန်တိုနီ နဲ့ လူစား လဲလှယ်ခံ ခဲ့ရပြီး အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ မှတ်တမ်းတွေ အရ နေမာ ရဲ့ ညာဘက် ခြေထောက် ခြေကျင်းဝတ်မှာ ကြီးမားတဲ့ အလုံးကြီး ဖြစ်နေတာကို မြင်တွေ့ရပြီး




ဒဏ်ရာက နည်းနည်းတော့ ပြင်းထန်တယ်လို့ ယူဆရပါတယ်၊ ပရိသတ်တွေ ကတော့ ခြေကျင်းဝတ် လည်သွားတာမျိုးပဲ ဖြစ်ပါစေလို့ မျှော်လင့်နေကြပြီး လာမယ့် ပွဲစဥ်တွေမှာ နေမာ ဆက်လက် ပါဝင် ကစားနိုင်ဖို့ အတွက်လည်း ဆုတောင်းပေး နေကြပါတယ်။




Daily Mail သတင်းဠာနရဲ့ ဖော်ပြချက် အရ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ပွဲပြီးဆုံးလို့ အသင်း ဘတ်စ်ကားဆီ သွားချိန်မှာ ဘယ်လိုမျိုး အကာအကွယ် ပြုလုပ်ထားတာမျိုးမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်၊ ဒါကြောင့် နေမာ ရဲ့ ဒဏ်ရာက ထင်မှတ်ထား သလောက် မဆိုးရွားဘူးလို့




ယူဆရပြီး သူ့ ပရိသတ်တွေ အတွက်တော့ ဝမ်းသာစရာ သတင်းတခု ဖြစ်လာခဲ့ပါတယ်။ Daily Mail က နေမာ ညာဘက် ခြေကျင်းဝတ်မှာ ဒဏ်ရာ ရခဲ့တာပါ၊ လို့ ဘရာဇီးလ် အသင်း ဆရာဝန် ရိုဒရီ ဂိုလာစမာ က ပြောဆိုခဲ့ပါတယ်၊ အရန်ခုံမှာ သူ့ကို ကုသပေးမှု




ချက်ချင်း လုပ်ပေးခဲ့ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးနဲ့ ဆိုရင် ၂၄ နာရီကနေ ၄၈ နာရီ အထိ စောင့်ရမှာပါ၊ ကျနော်တို့ MRI ကို မစီစဉ် ထားပါဘူး၊ မနက်ဖြန်မှာ အကဲဖြတ်မှု အသစ် လုပ်ပြီးတော့မှ မှတ်ချက်ပေး လို့ရပါလိမ့်မယ်လို့ ဆိုသွားပါတယ်။ နေမာဟာ




အဆိုပါ ဒဏ်ရာ ရရှိပြီးနောက် ၁၁ မိနစ်ခန့် ဆက်လက် ကစားနေခဲ့တာ ဖြစ်ပါတယ်၊ နေမာရဲ့ အသင်းဖော် ရိုဒရိုင်ဂို ကတော့ သူ့ရဲ့ စီနီယာ ကစားသမားဟာ ခြေကျင်းဝတ် လည်သွားတယ်လို့ သူ့ကို ပြောဆိုခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

credit