ရော်နယ်ဒိုရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လာတဲ့ ဂါနာ နည်းပြ

ဂါနာအသင်း နည်းပြ အော့တိုအက်ဒို က သူတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဥ်မှာ ပေါ်တူဂီ အသင်း ရရှိခဲ့တဲ့ ပင်နယ်တီဟာ ပင်နယ်တီ ပေးရမယ့် အနေအထားမျိုး လုံးဝ မဟုတ်ကြောင်း ဝေဖန် ပြောကြားသွားပါတယ်၊ ပေါ်တူဂီနဲ့ ဂါနာ ပွဲစဥ်ဟာ ပထမပိုင်းမှာ ဂိုးမရှိ သရေရလဒ် ဖြစ်ခဲ့ပြီး




ဒုတိယပိုင်းမှ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ ခဲ့ရတာပါ။ ပေါ်တူဂီ အသင်းဟာ ရော်နယ်ဒို ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဂါနာ နောက်ခံလူ ဆာလီဆူဟာ ရော်နယ်ဒိုကို ဂိုးဧရိယာ အတွင်း ပြစ်ဒဏ် ကျူးလွန်တယ် ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့တာ




ဖြစ်ပါတယ်၊ ပင်နယ်တီ ကနေ ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား (၅) ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒီနောက် အယူးက ဂါနာ အတွက် ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် သုံးမိနစ် အတွင်း ဖီးလစ်နဲ့ ရာဖေးလ် လီအို တို့က ဂိုးတွေ ဆက်တိုက် သွင်းသွားခဲ့တာကြောင့်




ပေါ်တူဂီ ၃-၁ နဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်၊ ပွဲပြီးခါနီးမှာ ဘူကာရေးက ဂါနာအတွက် ဒုတိယမြောက် ချေပဂိုး သွင်းယူခဲ့ပေမယ့် သရေရလဒ် ဖြစ်စေမယ့် တတိယမြောက် ချေပဂိုးကိုတော့ Black Stars တို့ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲစဥ် အပြီးမှာတော့ ဂါနာလက်ရွေးစင် နည်းပြက အမေရိကန်




ကွင်းလယ် ဒိုင်လူကြီး Ismail Elfath ရဲ့ ပင်နယ်တီ ဆုံးဖြတ်ချ​က် အပေါ် ဝေဖန် ပြောဆိုသွားခဲ့ပါတယ်၊ ဂါနာလက်ရွေးစင် နည်းပြက ဒိုင်လူကြီးက ပင်နယ်တီ ပေးရမယ့် အနေအထား မဟုတ်တာကို ပင်နယ်တီ ပေးလိုက်ပါတယ်၊ ဒါကို အားလုံးမြင်တွေ့ကြမှာပါ။ ဘာကြောင့် ပေးတာလဲ? ပြောပါဦး




ရော်နယ်ဒို ဖြစ်နေတာ ကြောင့်လား? ဒါမှမဟုတ် အခြား တစ်စုံတစ်ခု ကြောင့်လား? ခင်ဗျားတို့ အနေနဲ့ ပင်နယ်တီကို ဒီလိုမျိုး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒိုင်လူကြီးကို တိုက်ရိုက် သွားမေးသင့်တယ်၊ သူ ဘာကြောင့် ပေးတာလဲ? ကျနော့်မှာ သက်သေ ပြစရာတောင် မရှိ တော့ပါဘူး။ ကျနော်တို့




ဘောလုံး ကစားနေကြ တာလေဗျာ၊ ထိတွေ့မှု ကတော့ ရှိမှာပါပဲ၊ သူတို့ ပေးကျွေးထားတာ ရှိ မရှိ၊ VAR ဘာကြောင့် ပြန်မကြည့်တာလဲ? ကျနော်လည်း မသိပါဘူး၊ replay ကို ကြည့်ကြည့်ရင် ကျနော်တို့ ဘောလုံး ထိပါတယ်၊ ပေးချင်တယ် ဆိုရင် ကျနော်တို့ ဘက်ကို foul ပေးရမှာပါ။




ကစားသမားတစ်ဦး ဂိုးသွင်းရင် congratulations လို့ ပြောပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပင်နယ်တီ ဂိုးကတော့ ဒိုင်လူကြီး ပေးတဲ့ လက်ဆောင် လို့ပဲ ပြောပါမယ်၊ ပင်နယ်တီ မတိုင်ခင်မှာ ပွဲက ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားပါ၊ ပင်နယ်တီ ပေးလိုက်ရရော ပွဲစဥ်က အနည်းငယ် ကြမ်းသွားခဲ့ပါတယ်လို့ ဂါမာ နည်းပြက ပြောကြားသွားခဲ့ပါတယ်။

credit