ကမ္ဘာ့ဖလား ချန်ပီယံ ဆုနဲ့ ပတ်သက်ပြီး သုံးသပ် ခန့်မှန်းလာတဲ့ ဂျေမီ ကာရေဂါ

0
145

ဂျေမီ ကာရေဂါ က ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ချေ ရှိတဲ့ အသင်း ရှစ်သင်းထိ ရှိတယ်လို့ ဆိုလိုက်ပြီး အင်္ဂလန်နဲ့ ပက်သက်တဲ့ သူ့ရဲ့ စိုးရိမ် နေမှု ကိုလည်း ထုတ်ဖော်သွားခဲ့ပါတယ်၊ ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိနေတဲ့ အသင်းကြီးတွေ ထဲက ဂျာမနီ နဲ့ အာဂျင်တီးနား တို့ အံ့အားသင့်ဖွယ် ရှုံးပွဲတွေ




ကြုံတွေ့ခဲ့ရ ပေမယ့်လည်း ဘရာဇီးလ်၊ အင်္ဂလန်၊ စပိန်၊ ပြင်သစ် တို့ ကတော့ ခြေစွမ်း ပြနိုင်ခဲ့ပြီး နိုင်ပွဲတွေ ရရှိခဲ့ ကြပါတယ်၊ နယ်သာလန်၊ ဘယ်ဂျီယံ နဲ့ ပေါ်တူဂီ တို့ ကတော့ ခြေစွမ်း အားရစရာ မရှိခဲ့ပေမယ့် အုပ်စု နိုင်ပွဲနဲ့ ဖွင့်နိုင်ခဲ့ပါတယ်၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ပက်သက်ပြီး ခန့်မှန်းမှု လုပ်ခဲ့ရာမှာ ကာရေဂါ က




ကမ္ဘာ့ဖလား ဘယ်အချိန်ပဲ သွားသည် ဖြစ်စေ အသင်း နှစ်သင်း သုံးသင်း က ဗိုလ်စွဲဖို့ ရေပန်းစားတယ် ဆိုတဲ့ ခံစားချက်ကို ရလေ့ရှိပါတယ်၊ ဒါပေမယ့် ဒီ တစ်ကြိမ် ကတော့ ‌ရာသီဝက်မှာ ကျင်းပကာ ခြေစမ်းပွဲတွေ မကစားရ ဘဲနဲ့ ပြိုင်ပွဲဝင် ရတဲ့ ခြားနားတဲ့ ကမ္ဘာ့ဖလား ဖြစ်ပါတယ်၊ အရင်တုန်းက စပိန် နဲ့




ပြင်သစ် တို့ လိုမျိုး တသင်းတည်း က ဗိုလ်စွဲဖို့ အတွက် ချွန်ထွက်နေ တာမျိုး ဒီပြိုင်ပွဲမှာ မခံစားရဘူး၊ အီတလီ ဟာ ယူရိုမှာ ဗိုလ်စွဲနိုင် ခဲ့ပေမယ့် ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး၊ ၂၀၀၄ မှာ ဂရိက ယူရိုမှာ ဗိုလ်စွဲခဲ့ပြီး ၂၀၀၆ မှာ အီတလီက ကမ္ဘာ့ဖလားမှာ ‌ဗိုလ်စွဲ ခဲ့ပါတယ်၊ အဲဒီတုန်းက သူတို့ ချန်ပီယံ




ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထား ခဲ့ပါဘူး၊ ဒီ တစ်ကြိမ် ကမ္ဘာ့ဖလား မှာလည်း ပြိုင်ပွဲ မစတင်မီ ဗိုလ်စွဲမယ်လို့ ဘယ်သူမှ ထင်မှတ် မထားခဲ့တဲ့ အသင်းက ဗိုလ်စွဲသွား နိုင်တယ်လို့ ကျနော် ခံစားရပါတယ်၊ ပြင်သစ် ဟာ တစ်ဦးကောင်း ကစားသမားတွေနဲ့ အတူ အရမ်းကောင်းတဲ့ လူစာရင်း ရှိနေပါတယ်။




ဒါပေမယ့် သူတို့ ဒဏ်ရာ ပြသနာများစွာ ကြုံထားခဲ့ရပြီး ဒါက သူတို့ကို သက်ရောက်မှု ရှိလာနိုင်ပါတယ်၊ အင်္ဂလန်ဟာ သူတို့ ပုံစံကောင်း ပြသနိုင်တဲ့ နေ့မှာ ဘယ်အသင်းကို မဆို အနိုင်ယူ နိုင်စွမ်း ရှိတဲ့ အသင်း (၆) သင်း (၈) သင်းထဲမှာ ပါနေပါတယ်၊ ကျနော်ကတော့ ဒီ ကမ္ဘာ့ဖလားက အသင်း တော်တော်များများ




အတွက် open ဖြစ်နေတယ်လို့ ထင်ပါတယ်လို့ ဆိုသွားခဲ့ပါတယ်။ ၂၀၁၈ က ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တဲ့ အင်္ဂလန်ဟာ အဖွင့်ပွဲမှာ အီရန်ကို ဂိုးပြတ်နိုင် ထားကာ ဒီနေ့မှာ USA နဲ့ ကစားရမှာ ဖြစ်ပါတယ်၊ ကာရေဂါ က အင်္ဂလန်နဲ့ ပက်သက်လို့ အားရပေမယ့် ဟယ်ရီကိန်း အပေါ် တအား မှီခိုနေမှု အပေါ်




စိုးရိမ်နေပါတယ်။ ကာရေဂါ က ကိန်းသာ ဒဏ်ရာရ သွားခဲ့မယ် ဆိုရင် အင်္ဂလန် အတွက် အတော်လေးကို စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒါဟာ အသင်းမှာ ရှိတဲ့ အခြား တိုက်စစ်မှုးတွေကို မလေးမစား ပြောတာ မဟုတ်ပေမယ့် ကိန်းသာ မကစားနိုင်ဘူး ဆိုရင် တိုက်စစ်ပိုင်းက အတော်လေး level ကျသွားမှာပါ။




ပြီးခဲ့တဲ့ (၅) နှစ်တာ ကာလ အတွင်းမှာ ကိန်းဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှုး ဆိုတာကို သက်သေ ပြခဲ့ပါတယ်၊ သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပါတယ်။ သူဟာ ယူအက်စ်အေ နဲ့ ပွဲမှာ ဂိုးသွင်းပြီး ဒီလို ထပ်လုပ်ပြနိုင်ဖို့ ရည်မှန်းနေမှာပါ၊ အင်္ဂလန် မှာ ပွဲထွက်ခွင့် ရဖို့ သေချာတဲ့ အဓိက ကစားသမား




အနည်းငယ်ထဲက တစ်ဦး ဆိုတာ ကျနော်တို့ အားလုံး သိထားပြီး ဖြစ်ပါတယ်၊ သူ့ရဲ့ back up တွေ ဝင်ကစားမယ် ဆိုရင်တော့ အသင်းရဲ့ တိုက်စစ်က အားနည်း သွားမှာပါ၊ သူဟာ ဒဏ်ရာရသွားခဲ့ မယ်ဆိုရင် ကြီးမားတဲ့ ပြသာနာ ဖြစ်လာမှာပါ၊ ဒါ့ကြောင့် ၁၀၀ % ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကိန်းကို ရထားဖို့ အရေးကြီးပါတယ်။

credit