ရော်နယ်ဒို နဲ့ ပတ်သက်ပြီး လီယွန်နယ် မက်ဆီ Fan တွေကို ရန်စလိုက်ပြန်တဲ့ ပီယာ့စ် မော်ဂန်

ကြာသပတေး ညက ပွဲစဥ်မှာ ဟာသ ဆန်ဆန် ဓါတ်ပုံ တစ်ခု ထွက်လာခဲ့ ပြီးနောက် အစီအစဉ် တင်ဆက်သူ ပီယာ့စ် မော်ဂန် က ခရစ္စတီယာနို ရော်နယ်ဒို က GOAT ဖြစ်တယ် ဆိုတာကို လီယွန်နယ် မက်ဆီ တောင် သိနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒို ဟာ ပေါ်တူဂီ တို့ ကာတာ ကမ္ဘာ့ဖလား




အုပ်စု အဖွင့် ပွဲစဥ် အဖြစ် ဂါနာ လက်ရွေးစင် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး အဖွင့်ဂိုးကို ပင်နယ်တီမှ တဆင့် သွင်းယူသွား နိုင်ခဲ့တာပဲ ဖြစ်ပါတယ်၊ အဆိုပါ သွင်းဂိုးကြောင့် ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ပြိုင််ပွဲကို (5) ကြိမ် အထိ ကစားခွင့်




ရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲ (5) ပွဲလုံးမှာ ဂိုးသွင်းယူ နိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်သွားခဲ့ပါတယ်၊ ဒီနောက် သူဟာ သူ့ရဲ့အမှတ် သ​င်္ကေတ ဖြစ််တဲ့ SIU!!!! နဲ့ အောင်ပွဲခံသွား ခဲ့ပါတယ်၊ ဒါပေမဲ့ သူအောင်ပွဲ ခံခဲ့တဲ့ နေရာမှာပဲ ပြုံးရွှင်စွာ မော့ကြည့်နေတဲ့ လီယွန်နယ် မက်ဆီရဲ့ banner တစ်ခု ရှိနေတာကို




မြင်တွေ့ခဲ့လိုက် ရပါတယ်၊ အဆိုပါ ပုံစံက မက်ဆီ ဟာ ရော်နယ်ဒို အောင်ပွဲခံတာကို လိုက်ကြည့်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ တာကြောင့် ပီယာ့စ် မော်ဂန် က ဒီ အခွင့်အရေးကို အသုံးချပြီး အခုလို ​နောက်ပြောင် သွားခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ တောင်မှ ရော်နယ်ဒို GOAT ဆိုတာကို သိနေပြီလို့




ပီယာ့စ် မော်ဂန် က လူမှု ကွန်ယက်မှာ စနောက်လိုက်တာ ဖြစ်ပါတယ်၊ ဒီ ပွဲစဥ်မှာ ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ ဂါနာကို 3-2 ရလဒ်နဲ့ အနိုင်ရယူခဲ့ပါတယ်၊ ဒါပေမဲ့ ဘောလုံး ပရိသတ်တွေနဲ့ သတင်း သုံးသပ််သူ အချို့က ရော်နယ်ဒို ဟာ ဆောက်သမ်တန် အသင််းရဲ့ ကစားသမား ဖြစ်သူ




မိုဟာမက် ဆလီဆူရဲ့ ထိချက်ကို အလိုက်သင့် လှဲချပြီး ပင်နယ်တီ ရရှိစေခဲ့တာ ဖြစ်တယ််လို့ ဝေဖန်နေကြပါတယ်၊ ယခုတော့ ပင်နယ်တီကို ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ မဟာ ပြိုင်ဘက် မက်ဆီ၊ ပီလီ၊ မီရိုဆလပ် ကလိုဆေး၊ ယူဝီ ဆီလာ တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ (5) ကြိမ်ဆက်




ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ရော်နယ်ဒို အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အများဆုံး ဂိုးသွင်းရှင် ဖြစ်ဖို့ နှစ်ဂိုးသာ သွင်းယူရတော့မှာ ဖြစ်ပါတယ်၊ လက်ရှိ အူစီဘီယို က တစ်ဂိုး အသာနဲ့ ဒီစံချိန်ကို ပိုင်ဆိုင်ထားတာကြောင့် ဖြစ်ပါတယ်။

credit