လေ့ကျင့်ရေး ကွင်းမှာ ရပ်ရှ်ဖို့ဒ်က ရူးသွပ်ဖွယ်ရာတွေ လုပ်ပြခဲ့ကြောင်း ထုတ်ပြောလာတဲ့ ဒီကလန်ရိုက်စ်

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် က အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် တိုက််စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ ရူးသွပ်ဖွယ် လုပ်ဆောင်ချက် အချို့ကို အံ့သြမိကြောင်း ထုတ်ပြောလိုက်ပါတယ်။




ရပ်ရှ်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တဲ့ နောက် တစ်နှစ်လုံး နီးပါး ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သွင်းဂိုးလည်း စုစုပေါင်း (5) ဂိုးသာ သွင်းယူသွားနိုင်ခဲ့ပြီး စိတ်ပျက််ဖွယ် ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။




ယခု ရာသီမှာတော့ အချို့ ပွဲစဥ်တွေမှာ မပါဝင်နိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် ဟာ ပုံစံကောင်းတွေ ပြသရင်း ဂိုးတွေ သွင်းယူနိုင်ခဲ့ သလို အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကစားပေးရမယ့် ကစားသမား စာရင်းထဲလည်း ပါဝင်ခွင့် ရရှိ သွားခဲ့ပါတယ်၊ ဒါ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာလည်း




လူစားဝင် ကစားခွင့် ရခဲ့ပြီး ဝင်ဝင်ချင်း တစ်မိနစ် အကြာမှာပဲ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်၊ အခုတော့ သူဟာ ပျော်ရွှင်စရာ ကောင်းတဲ့ ​ဘောလုံး ရာသီ တစ်ခုကို ပြန်လည်် ပိုင်ဆိုင်နေပြီလို့ ဆိုရပါမယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးသူ ဒီကလန် ရိုက်စ် ကတော့




မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ ဘောလုံးကိုင် ကစားမှုတွေဟာ အခြားသူ တွေထက်ကို သာလွန် ကောင်းမွန်ကြောင်း သူဟာ ရူးသွပ်ဖွယ် အရာတွေကို လုပ်ပြနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်၊ အကယ်လို့ skill ပိုင်း ဆိုင်ရာမှာ ဘယ်သူက အကောင်းဆုံးလဲလို့ ကျွန်တော့်ကို မေးရင် ရပ်ရှ်ဖို့ဒ် လို့ ဖြေလိုက်မှာပါ၊ ရပ်ရှ်ဖို့ဒ် က




ဘောလုံးကိုင် ကစားရင်း ရူးသွပ်ဖွယ် ကောင််းတဲ့ အရာ အချို့ကို လုပ်ဆောင် ပြနိုင်စွမ်း ရှိနေသူ တစ်ဦး ဖြစ်ပါတယ်၊ သူဟာ ဘောလုံး စကေးတွေကို အနှေးပြကွက် တွေလို လုပ်ပြနိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ လေ့ကျင့်ရေး ကွင်းးထဲက ကစားပုံတွေကို ကြည့်ရတာမှာ တကယ့်ကို ကောင်းမွန်လွန်း လှပါတယ်လို့




ဒီကလန် ရိုက်စ် က ချီးမွမ််းခဲ့တာပဲ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက်် အသင်းအတွက် (5) ဂိုးသာ သွင်းယူပေးနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် ဟာ ဒီရာသီမှာတော့ အသင်းအတွက် ပြိုင်ပွဲစုံ (19) ပွဲထိ ကစားပေးခွင့် ရရှိထားခဲ့ပြီး ကိုယ်တိုင် (8) ဂိုး သွင်း၊ (3) ဂိုး ဖန်တီးထား နိုင်ခဲ့ပါတယ်။

credit