အမေရိကန်နဲ့ ပွဲမှာ အင်္ဂလန် အသင်း အနေနဲ့ ဘာတွေ လိုအပ်ခဲ့တာလဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတဲ့ ဟယ်ရီ မက်ဂွိုင်းယား

အင်္ဂလန် အသင်းဟာ အမေရိကန် နဲ့ ပွဲစ‌ဥ်မှာ အကောင်းဆုံး ပုံစံ ရှိ မနေခဲ့ဘူးလို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား က ဖွင့်ဟ ဝန်ခံခဲ့ပေမယ့် ဒီ သရေပွဲ ကနေ အကောင်းမြင်စရာတွေ ရယူဖို့ စိတ်အားထက် သန်နေခဲ့ပါတယ်။




အင်္ဂလန် အသင်းဟာ ပွဲစဥ်ကို အနိုင်ရဖို့ အတွက် တည်ငြိမ်မှု ရှိဖို့ လိုအပ်ခဲ့သလို အဆုံးသတ် ပိုင်းမှာ ရလာတဲ့ အခွင့်အရေး တွေကိုလည်း အသုံးချနိုင်ဖို့ လိုအပ်ခဲ့တယ်လို့ ခံစစ်မှူးက ပြောဆိုပါတယ်။ မက်ဂွိုင်းယားက အမေရိကန် နဲ့ ပွဲစဥ်မှာ ပြသခဲ့တာက ကျွန်တော်တို့ရဲ့




အကောင်းဆုံး ခြေစွမ်း မဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် သရေ တစ်မှတ်ကြောင့် အုပ်စုထဲမှာ ခိုင်မာတဲ့ နေရာတစ်ခုကိုတော့ ရခဲ့ပါတယ်၊ ပြိုင်ဘက်တွေက မြင့်မားတဲ့ အရှိန်အဟုန် တွေနဲ့ ကစားတတ်တဲ့ အသင်းကောင်း တစ်သင်းပါ၊ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီးတော့




ဂိုးရနိုင် သလောက် အနေအထားတွေလည်း ရှိခဲ့ပါတယ်။ နည်းနည်းလေး ပိုတည်ငြိမ်ဖို့ လိုအပ်ခဲ့တာပါ၊ ကျွန်တော်တို့ အကောင်းမြင်ထားဦးမှာ ဖြစ်ပေမယ့် ပိုကြိုးစားဖို့ လိုအပ်တဲ့ အရာတွေ ရှိနေတာ အမှန်ပါပဲ၊ ဒီလိုပွဲတွေက ခက်ခဲတယ်၊ သူတို့အားလုံးက ဒီ ကမ္ဘာ့ဖလားမှာ




ကစားနေတဲ့ ထိပ်တန်း အသင်းတွေပါပဲ၊ အမေရိကန်က အသင်းကောင်း တစ်သင်းပါ၊ ကျွန်တော်တို့က အဆုံးသတ်ပိုင်းမှာ လုံလောက်တဲ့ ရက်စက် ပြတ်သားမှု မရှိခဲ့ဘူး၊ နောက်ဆုံး ပေးပို့မှုကို ကောင်းကောင်း အဆုံးမသတ် နိုင်ခဲ့ပါဘူး။




ကျွန်တော်တို့မှာ တိုက်စစ်မှူးကောင်းတွေ ရှိတာကြောင့် နောက်ပွဲမှာ ကျွန်တာ်တို့ ပြန်လာနိုင်မယ်ဆိုတာ သေချာပါတယ်။ လို့ ဟယ်ရီ မက်ဂွိုင်းယား က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit