ရော်နယ်ဒို အသင်းနဲ့ လမ်းခွဲခဲ့ရတာနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ကတ်စမဲရိုး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကတ်စမဲရိုး က မန်ချက်စတာ ယူနိုက်တက် မှ ရော်နယ်ဒို ထွက်ခွာတာ အတွက် ဝမ်းနည်းမိကြောင်း ပြောကြားရင်း ရှေ့ဆက် အကောင်းဆုံး ဖြစ်နိုင်ပါစေ ဆုမွန်ကောင်း တောင်းပေး သွားခဲ့ ပါတယ်။




ကတ်စမဲရိုး နဲ့ ရော်နယ်ဒို ဟာ ရီးရဲလ်မက်ဒရစ် အသင််းမှာ တည်းက အတူ တွဲဖက် ကစားခဲ့ဖူးကြတဲ့ အသင်းဖော်တွေ ဖြစ်ကြပြီး ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် အတွက် ဘရာဇီးသားကို ခေါ်ယူလိုက် ချိန်မှာ




ပြန်လည် တွဲဖက် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းဖော် ကစားသမား ဘဝက သိပ် အဓွန့်မရှည်ခဲ့ပါဘူး၊ ဒီလို ဖြစ်ခဲ့ရ ခြင်းရဲ့ အဓိက အကြောင်းအရင်း က ပီယာ့စ် မော်ဂန် နဲ့ ရော်နယ်ဒို ပြုလုပ်ခဲ့ကြတဲ့ အင်တာဗျူးကြောင့်




ဖြစ်ပါတယ်၊ အဆိုပါ အင်တာဗျူး အစီအစဥ်မှာ ရော်နယ်ဒို က မန်ချက်စတာ ယူနိုက်တက် အသင်း ပိုင်ရှင်တွေက စီးပွားရေး ဆန်ကြောင်း၊ ရန်းနစ် ဟာ နည်းပြ တစ်ဦး မဟုတ်ကြောင််း၊ အဲရစ် တန်ဟက်ဂ် ဟာ သူ့အပေါ် လေးစားသမှု မရှိခဲ့ကြောင်း




ပြောခဲ့တာ ဖြစ်ပါတယ်၊ အဲ့ဒီ နောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်၊ CEO, အားကစား ဒါရိုက်တာနဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် တို့ တွေ့ဆုံခဲ့ကြပြီး ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြကာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု




ရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ကတ်စမဲရိုး က အသင်းဖော်နဲ့ နောက်တစ်ကြိမ် လမ််းခွဲခဲ့ရပါတယ်၊ အခုတော့ ကတ်စမဲရိုး က သူဟာ အခုထိ ရော်နယ်ဒို နဲ့ စကား မပြောရသေးကြောင်း ရော်နယ်ဒိုက အတွေ့အကြုံံ ရင့်ကျက်သူ




ဖြစ်တဲ့ အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လမ်းကို ရွေးချယ်နိုင်လိမ့် မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်၊ ကျွန်တော် သူနဲ့ ဘယ်လို့ မက်ဆေ့ပို့ ဆက်သွယ်မှုမှ မလုပ်ရသေးပါဘူး၊ ဒါပေမဲ့ ရော်နယ်ဒိုက အတွေ့ အကြုံ ကြွယ်ဝတဲ့ ခမ်းနားတဲ့ ကစားသမား တစ်ဦးပါ။

သူ့ရဲ့ ကစားသမား ဘဝအတွက် ဘယ်အရာက အကောင််းဆုံး ဖြစ်နိုင်မလဲ ဆိုတာ သူသိပါတယ်၊ သူ့လို ကစားသမား တစ်ယောက် ထွက််ခွာတော့မယ့် အတွက် ကျွန်တော်တို့ ဝမ်းနည်းမိကြ ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့တွေ အခု ပြောနေကြတာ ဘောလုံး သမိုင်းကြောင်းရဲ့အခမ်းနားဆုံး ကစားသမား တစ်ဦးအကြောင်း ဖြစ်နေလို့ပါ။

သူ့ရဲ့ အနာဂတ် အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်၊ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ပွဲစဥ်တွေက လွဲရင် ကျန်တာတွေ အကုန် အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုလိုက်ပါတယ် လို့ ကတ်စမဲရိုး က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

credit