တပါတ် ပေါင် 1.2 သန်းနဲ့ သုံးနှစ် စာချုပ် ကမ်းလှမ်းမှုကို ရရှိထားပြီ ဖြစ်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ရော်နယ်ဒို ကို ဆော်ဒီ ကလပ်တွေက ချဉ်းကပ်နေပြီလို့ ဆိုပါတယ်၊ ကမ္ဘာ့ဖလား အပြီးမှာ အသင်းသစ် ရှာရတော့မယ့် ရော်နယ်ဒို အတွက်




အေးဂျင့် ဂျော့မန်ဒက်စ် က လှုပ်ရှားပေး နေပြီလို့ ယူဆရပြီး သူ့ရဲ့ စွန့်စားခန်း အသစ်က ဘယ်မှာ ဖြစ်မလဲ ဆိုတာ အားလုံးက စိတ်ဝင်စားနေ ကြပါတယ်။ ရော်နယ်ဒို ပြောင်းရွှေ့နိုင်တဲ့ နေရာ ဒေသတွေကတော့ မေဂျာလိဂ်၊ ဩစတြေးလျလိဂ် နဲ့




အရှေ့အလယ်ပိုင်း ဒေသလို့ ခန့်မှန်းနေကြပြီး လက်ရှိမှာတော့ ဆော်ဒီကလပ် Al Hilal က စာချုပ် ကမ်းလှမ်းမှု လုပ်ထားတယ်လို့ Mirror က အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် Al Hilal ရဲ့ ပြိုင်ဘက် အသင်း Al Nassr ကလည်း စာချုပ် ချုပ်ဆိုဖို့




အသင့်ဖြစ်နေပြီး အပြိုင်အဆိုင် ကြိုးစားနေတယ်လို့ သိရပါတယ်၊ CBS ရဲ့ ဖော်ပြချက် အရ ရော်နယ်ဒို ကို တပတ်လုပ်ခ ပေါင် ၁.၂ သန်း ပေးချေကာ ၃ နှစ် စာချုပ်နဲ့ ကမ်းလှမ်းတဲ့ အဆိုပြုချက်ကို လက်ခံရရှိ ထားတယ်လို့ သိရပါတယ်၊ ဒီရာသီ အစောပိုင်း ကတည်းက ရော်နယ်ဒို ကို




ဆော်ဒီကလပ် တခုက ကမ်းလှမ်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး ဒီအကြောင်းကို ကစားသမား ကိုယ်တိုင်ကလည်း ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူးမှာ အတည်ပြုခဲ့ပါတယ်၊ အခု အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ ဆော်ဒီ ကလပ်တွေရဲ့ စိတ်ဝင်စားမှုက




ပိုမို အားကောင်းလာပြီး မက်မောလောက်စရာ ငွေကြေးတွေနဲ့ ကမ်းလှမ်းမှုတွေ လုပ်လာတာပါ၊ ၃ နှစ် စာချုပ် ဖြစ်လို့ အသက် ၄၀ အရွယ်ထိ ရော်နယ်ဒို ဟာ တပတ်လုပ်ခ ပေါင် ၁.၂ သန်းနဲ့ ကစားနိုင်မှာ ဖြစ်ပြီး တော်တော်လေး များပြားတဲ့ ငွေကြေး ပမာဏကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။




ရော်နယ်ဒို အနေနဲ့ ဥရောပမှာ ဆက်ကစားမလား? ဒါမှမဟုတ် ကစားသမား ဘ၀ နေဝင်ချိန်မှာ အခြားသော နာမည်ကျော် ကစားသမားတွေလိုမျိုး ဥရောပ အပြင်ဘက် ထွက်ကစားပြီး မက်မောဖွယ်ရာ လုပ်ခလစာနဲ့ အတူ ကစားမလား ဆိုတာကိုတော့ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

credit