ဆာဘီးယား Vs ကင်မရွန်း ကမ္ဘာ့ဖလား ပွဲကြို ခန့်မှန်ချက်

2022 ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဉ် (2) စတုတ္ထနေ့ ပွဲစဉ်တွေထဲက ညနေ (4)နာရီခွဲ အချိန်မှာ ကျင်းပသွားမယ့် ဆာဘီးယား အသင်းနဲ့ ကင်မရွန်း အသင်းတို့ ပွဲစဉ် အတွက် ပွဲကြို သုံးသပ်ချက်တွေကို ဖော်ပြပေးသွား ချင်ပါတယ်။




ဆာဘီးယားက ခြေစစ် ပွဲတွေမှာ လုံးဝ ရှုံးပွဲ မရှိအောင် ကစားထားပြီး ပထမ နေရာနဲ့ ကမ္ဘာ့ဖလားကို တတ်လှမ်း နိုင်ခဲ့ရပေမယ့် အဖွင့်ပွဲမှာ ဘရာဇီးလ် နဲ့ ဆုံတွေ့ပြီး ဒုတိယပိုင်း ဂိုးတွေနဲ့ အရှုံးပေးခဲ့ ရပါတယ်၊ အဲ့ဒီ ပွဲစဥ်မှာ ဆာဘီးယားက




အားကောင်းလွန်း လှတဲ့ ဘရာဇီးလ် တိုက်စစ်ကို ခံ ကစားနေရတာနဲ့ပဲ အချိန် ကုန်ခဲ့ရပြီး ထိရောက်တဲ့ တိုက်စစ် ပြန်ဆင်မှုတောင် မရှိခဲ့ရပါဘူး၊ ဒါပေမယ့် အခု ကင်မရွန်းနဲ့ ပွဲစဥ် ကတော့ ဆာဘီးယား အတွက် အုပ်စု တတ်ရေး




“must win game” ဖြစ်တာမို့ အမှားခံလို့ မဖြစ်တော့ပဲ အနိုင်ရအောင် ကစားရပါမယ်။ ကင်မရွန်း ကလည်း ဆာဘီးယား လိုပဲ အဖွင့်ပွဲမှာ ဆွစ်ဇာလန် ကို ရှုံးထားခဲ့ပြီး တာထွက် ဆိုးထားခဲ့ပါတယ်၊ ဒါပေမယ့် ဆွစ်ဇာလန်ကို ခြေရည်တူ




ကစားနိုင်ခဲ့ပြီး ပုံစံ ကောင်းလည်း ပြထားနိုင်ခဲ့ပါတယ်၊ အမ်ဘိုလို ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့်သာ ကပ်ရှုံးခဲ့ပေမယ့် ကင်မရွန်းက ဆွစ်ဇာလန် ဘက်ကို အကောင်းဆုံး တုံ့ပြန် ကစားနိုင် ခဲ့တာကြောင့် အခုလည်း နောက်ထပ်




ဥရောပအသင်း ဆာဘီးယား ကို အလားတူ ပုံစံမျိုးနဲ့ ကစားသွားဖွယ် ရှိနိုင်ပါတယ်၊ ရှုံးပွဲကိုယ်စီ တွေ့ထားတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက် ဆုံတွေ့မှုက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပြီး၊ အခု ပွဲစဥ်မှာပါ ထပ် ရှံးလိုက်မယ့် အသင်း အနေနဲ့ အုပ်စု အဆင့်နဲ့ ကျေနပ်ရတော့မယ့် အခြေအနေမျိုး ရှိလာမှာ ဖြစ်လို့




နှစ်သင်းလုံး အနေနဲ့ နိုင်ပွဲရဖို့ အတွက် အားကုန် ထုတ်လာနိုင်ပါတယ်။ အကြိတ်အနယ် အားပြိုင်မှုက သရေ ပွဲဆီကို ဦးတည်လာ နိုင်သလို ဂိုး အနည်းလည်း ဖြစ်နိုင်ပြီး ဆာဘီးယား ကို ပိုပြီး သဘော ကျမိပါတယ်။

credit