ရော်နယ်ဒိုကို ဘာကြောင့် အားမပေးရသလဲ ဆိုတာ ထုတ်ပြောလိုက်ပြီး အသင်းဟောင်းကို မိုက်တွင်းမနက်ဖို့ တိုက်တွန်းပြောဆိုသွားတဲ့ မီခေးလ်

ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ် လူဟောင်း ဖြစ်သူ ဂျွန်အိုဘီ မီခေးလ် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို မခေါ်ယူဖို့ သူ့ အသင်းဟောင်းကို သတိပေး တိုက်တွန်းလိုက်ပါတယ်။




ခရစ္စတီယာနို ရော်နယ်ဒို ကို ချဲလ်ဆီးအသင်း ပိုင်ရှင် တော့ဒ်ဘိုလေ က စိတ်ဝင်စားနေတာ ဖြစ်ပြီး ခေါ်ယူဖွယ် ရှိတယ်လို့ သတင်းထွက်လာ ချိန်မှာ မီခေးလ် က ယခုလို သတိပေး စကားဆိုလိုက်တာ ဖြစ်ပါတယ်။




ကျနော်က ဘယ်တုန်းကမှ သူ့ ပရိသတ် မဟုတ်ခဲ့ဘူး၊ ကျနော့် အတွက် ကစားသမား တဦးက မာနနဲ့ အတ္တ အရမ်းကြီးနေပြီ ဆိုရင် အဲလို ကစားသမားကို ကျနော် သဘော မကျတော့ဘူး၊ သူက ကျနော် အကြိုက်ဆုံး ကစားသမား တဦးတောင်မှ မဟုတ်ခဲ့ပါဘူး။




ဒါကြောင့်လည်း ကျနော်က လီယွန်နယ် မက်ဆီ ကို အမြဲတမ်း အားပေးနေတာပေါ့၊ ကျနော် ပြောချင်တာ ကတော့ တယောက်ယောက်က ဒီလို အင်တာဗျူး တခု ထွက်လာရင် ဘာလုပ်မယ်လို့ ခင်ဗျား စဉ်းစားထားလဲ? အဲဒီ ကစားသမားကို ခင်ဗျားက




ဇန်နဝါရီမှာ ခေါ်ယူမယ် ဆိုရင် သူက ဒီလိုမျိုး ထပ်လုပ်မှာ မဟုတ်ဘူးလို့ ခင်ဗျား ထင်နေတာလား? ဒီတော့ အသင်းတိုင်း သတိထားသင့်တယ်လို့ ကျနော် ပြောချင်ပါတယ်၊ ဒါပေမယ့် နားထောင်ပါ သူက ရော်နယ်ဒိုပါ၊ အကောင်းဆုံးတွေထဲက တဦးပါ။




ဇန်နဝါရီမှာ သူ နောက်ထပ် အသင်း တသင်းဆီ ရောက်ပြီး သူ့ ကစားသမား ဘ၀ကို ဆက်ဦးမှာပါလို့ မီခေးလ် က ဆိုပါတယ်၊ သူ့ရဲ့ ဆိုလိုရင်း ကတော့ ရော်နယ်ဒို ကို ခေါ်ယူမယ် ဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ ဆိုလိုတာပါ၊ အသင်းသစ်မှာလည်း ဒီလို မျိုးတွေကို




ရော်နယ်ဒို ထပ်လုပ် နိုင်တယ်လို့ သတိပေးခဲ့ပြီး ဒါဟာ ချဲလ်ဆီးကို ပြန်စဉ်းစားဖို့ မီခေးလ်က တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်၊ လက်ရှိမှာ ရော်နယ်ဒို ကို ဆော်ဒီ ကလပ်တွေက ကမ်းလှမ်းထားတယ်လို့ သိရပြီး တပတ်လုပ်ခ ပေါင် သန်းနဲ့ချီပြီး ပေးချေသွာဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။

credit