မက်ဆီရဲ့ လုပ်ရပ် တခုကြောင့် ကြိုသတိပေးပြီး ထိပ်တိုက်တွေ့တာနဲ့ တွယ်ပြီလို့ ကြိမ်းဝါးလိုက်တဲ့ မက္ကဆီကိုသား စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံ

မက္ကဆီကို အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲစဥ် အပြီး အဝတ်လဲခန်း အတွင်းမှာ အသင်းဖော်တွေနဲ့ အတူ အောင်ပွဲခံ နေခဲ့ချိန်မှာ မက်ဆီ တယောက် မက္ကဆီကို အသင်းဂျာစီကို ခြေထောက်နဲ့ ကန်ပစ်ခဲ့တဲ့ ရုပ်သံဖိုင် ထွက်ပေါ် လာပါတယ်။




ဒီရုပ်သံဖိုင် ထွက်ပေါ်လာမှုနဲ့ အတူ မက်ဆီ ကို ဝေဖန် ပြစ်တင်မှုတွေ အများကြီး ရှိနေကာ အထူးသဖြင့် မက္ကဆီကို ပရိသတ်တွေက ဒေါသထွက် နေတယ်လို့ သိရပါတယ်၊ အဆိုပါ ဗီဒီယိုကို တွေ့ရှိခဲ့ပြီး နောက်မှာ မက္ကဆီကိုရဲ့ နာမည်ကျော်




ဘောက်ဆင်သမား တဦး ဖြစ်တဲ့ စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာနီလို အယ်လာရက်ဇ် ကလည်း တော်တော်လေး ဒေါသထွက်နေပြီး သူနဲ့ ထိပ်တိုက် မတွေ့ဖို့ ဘုရားမှာ ဆုတောင်းနေလို့ မက်ဆီ ကို ကြိမ်းဝါး ပြောဆိုခဲ့တဲ့ထိ ဖြစ်လာခဲ့တာပါ။




အယ်လ်ဗာရက်ဇ် က သူ့ရဲ့တွစ်တာမှာ မက်ဆီက ငါတို့အသင်း ဂျာစီနဲ့ အလံကို အသုံးပြုပြီး ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်နေတာ မင်းတို့ မြင်ကြလား? ငါနဲ့ မတွေ့မိအောင် ဘုရားမှာ မင်း ဆုတောင်း နေပေတော့၊ အာဂျင်တီးနား ကို ငါလေးစားပါတယ်။




သူလည်း မက္ကဆီကို ကို လေးစားသင့်တယ်၊ အာဂျင်တီးနား တနိုင်ငံလုံးကို ငါပြောနေတာ မဟုတ်ဘူး၊ မက်ဆီ လုပ်ခဲ့တဲ့ သောက်ရေးမပါတဲ့ လုပ်ရပ်ကို ပြောနေတာလို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ် ရဲ့ ဒီ ရေးသားမှုကို




မက်ဆီရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တဦး ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟောင်း အဂူရို က ဝင်ပြီး တုံ့ပြန်သွားခဲ့ ပါတယ်၊ အဂူရိုက ကာနီလိုရေ ဆင်ခြေ ဒါမှမဟုတ် ပြသနာတွေကို မရှာပါနဲ့။ ဘောလုံး အကြောင်း




အဝတ်လဲခန်းထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ မင်း သေချာ မသိပါဘူး။ လို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်၊ ပွဲပြီးချိန် ဆိုရင် ဂျာစီတွေက အမြဲတမ်း ကြမ်းပြင်ပေါ်မှာ ရှိနေတာပဲ၊ ချွေးတွေထွက် နေကြတာလေ၊ ပြီးတော့ မင်းသာ အမြင်စူးရှမယ်

ဆိုရင် ဒါက သူ့ဖိနပ်ကို ချွတ်နေတုန်းမှာ မတော်တဆ ဖြစ်သွားခဲ့တာပဲလို့ အဂူရိုက ထပ်မံ ရေးခဲ့ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လီယွန်နယ် မက်ဆီ ကတော့ ဘာမှ ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

credit