ရော်နယ်ဒို အသင်းနဲ့ လမ်းခွဲလိုက်တဲ့ အပေါ် ရင်ဖွင့်လာတဲ့ ရပ်ရှ်ဖို့ဒ်

အင်္ဂလန် နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ် က ဒီတလောမှာပဲ ကလပ်နဲ့ စာချုပ် ဖျက်သိမ်းလိုက်တဲ့ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ပတ်သတ်ပြီး မှတ်ချက်စကား ဆိုလာခဲ့ပါတယ်။




ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပီးယာ့ဇ် မော်ဂန် နဲ့ အင်တာဗျူးမှာ ကလပ်ကို ဝေဖန်ခဲ့ပြီးနောက် နှစ်ဘက် သဘောတူညီမှုနဲ့ စာချုပ် ဖျက်သိမ်းခဲ့တာပါ၊ ရော်နယ်ဒို ဟာ သူ့ရဲ့ စံပြ အိုင်ဒေါလ် ကစားသမား ဖြစ်ကြောင်း ရက်ဖို့ဒ်က ဖွင့်ဟခဲ့ပါတယ်။




ရော်နယ်ဒို နဲ့ တွဲဖက် ကစားရတာ မယုံနိုင်စရာ ကောင်းတဲ့ အတွေ့အကြုံကို ရခဲ့ပါတယ်၊ သူက ကျွန်တော့် အိုင်ဒေါလ် တစ်ယောက် ဖြစ်ပြီး အမြဲလေးစား အတုယူခဲ့ရတဲ့သူ တစ်ယောက်ပါ၊ ဒါကို ကျွန်တော် အမြဲတမ်း သိမ်းဆည်း ထားမှာပါ။




သူ့အတွက် အကောင်းဆုံးတွေပဲ ဖြစ်လာစေဖို့ ကျနော် ဆုတောင်းပေး လိုက်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သူလုပ်ပေးခဲ့တာတွေ သူ့ကို ကျေးဇူး တင်ချင်ပါတယ်လို့ ရက်ရှ်ဖို့ဒ် က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။




မားကပ်စ် ရက်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ နှစ်တွေက ဒဏ်ရာတွေ နဲ့ ရုန်းကန် နေရပေမယ့် ဒီရာသီမှာတော့ သူ ခြေစွမ်း ပြန်ရလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ၈ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်၊ ဒါဟာ မနှစ်က တစ်ရာသီလုံး ရခဲ့တဲ့ ဂိုး အရေအတွက် ထက်




ပိုများခဲ့တာကြောင့် ကမ္ဘာ့ဖလား အတွက် အင်္ဂလန်ရဲ့ လူစာရင်းမှာ ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်၊ ကျွန်တော် ပြန် ကစားခွင့်ရလို့ ပျော်ပါတယ်၊ ဒဏ်ရာ ပြဿနာတွေ အရေးမပါတာ တွေနဲ့ ကျွန်တော် ရုန်းကန်စရာ မလိုတော့ဘူး၊ အကြာကြီး နေပြီးမှ နိုင်ငံအသင်းဖော်တွေနဲ့ ပြန်တွေ့ရတာ ကောင်းပါတယ်လို့လည်း မားကပ်စ် ရက်ရှ်ဖို့ဒ် က ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit