ရူးသွပ်ဖွယ် လုပ်ဆောင်ချက်ကို ထုတ်သုံးလိုက်တဲ့ ကက်စ်မဲရိုးကြောင့် ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီ ဖြစ်တဲ့ ဘရာဇီးလ်

ဆွစ်ဇာလန် နဲ့ ပွဲစဥ်မှာ ဘရာဇီးလ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ Manchester United ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ စွဲမက်ဖွယ်ရာ ကန်သွင်းချက်ဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူး တဦးရဲ့ ပုံစံလို့




ဘရာဇီးလ် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ပွဲ ကစားချိန် ၈၃ မိနစ်မှာ ကက်စ်မဲရိုးဟာ ပြိုင်ဘက်အသင်း ဧရိယာထဲ အထိ လိုက်ပါခဲ့ပြီးနောက် အသင်းဖော်ရဲ့ ဖန်တီးပေးမှုက တဆင့် အသည်းခွဲ ဂိုးအဖြစ်




လှလှပပ အဆုံးသတ် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်ယူ ကစားသမားတွေ ကြီးစိုးနေတဲ့ World Cup မှာ ယခုလည်း ကက်စ်မဲရိုးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ နိုင်ပွဲ ရရှိခဲ့ပြီး ဘရာဇီးလ်ဟာ ယခုဆို




၁၆ သင်း အဆင့်ကို တက်ရောက် သွားခဲ့ပြီလည်း ဖြစ်ပါတယ်၊ နေမာ မကစား နိုင်ချိန်မှာ ဘရာဇီးလ် တိုက်စစ်ပိုင်း အနည်းငယ် အားနည်းသွားပြီး ဂိုးရဖို့ ရုန်းကန် ခဲ့ရပါတယ်။ ဗင်နီရှပ်ရဲ့ ဘယ်တောင်ပံကနေ




ထိုးဖောက်လာခဲ့တာ ဖြစ်ပြီး၊ နောက် ဧရိယာ အပြင်မှာ ရှိတဲ့ ရိုဒရိုင်ဂို ကို ပေးခဲ့ပြီး ရိုဒရိုင်ဂိုက တဆင့် ကက်စ်မဲရိုး ဆီ ညာခြေနဲ့ အသာလေး ပြန်ထိုးပေးခဲ့ကာ ကက်စ်မဲရိုး က ဆွစ်ဇာလန် ဂိုးသမား ယန်းဆွန်းမား




လှုပ်ချိန်တောင် မရလောက်အောင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲ အပြီးမှာတော့ နေမာ ကိုယ်တိုင်က သူ့ရဲ့ တွစ်တာမှာ ကက်စ်မဲရိုး က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ်နဲ့ အချိန်တွေ အကြာကြီး ရှိနေခဲ့တဲ့ သူပါ။ လို့ ရေးသား ချီးကျူးခဲ့ပါတယ်။




ပရိသတ်တွေ ကလည်း တွစ်တာမှာ ကက်စ်မဲရိုး ရဲ့ မြေမကျ ကန်သွင်းချက်နဲ့ ပတ်သက်ပြီး၊ သံသယ ဝင်နေသူတွေ အတွက် လုံလောက်တဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ သူက နေမာနဲ့ အတူ ဘရာဇီးလ် အသင်းရဲ့ အကောင်းဆုံး ကစားသမားပဲ၊ ကက်စ်မဲရိုး က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ်လူ

တခြားတခုခု ပြောမယ် ဆိုရင်တော့ အဲဒါ မင်းကိုယ်မင်း လှည့်စားနေတာပဲ။ လို့ ပြောဆိုခဲ့ကြပါတယ်၊ ကက်စ်မဲရိုး ကတော့ သူ့ရဲ့ ကစားသမား ဘ၀မှာ အသင်း ဂိုးလိုအပ်ချိန်တိုင်း ခေါင်းတိုက် သွင်းဂိုးတွေ၊ ပြင်းထန် အားပါတဲ့ အဝေး ကန်ချက်တွေနဲ့ ဂိုးရအောင် ရယူပေးလေ့ ရှိတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

credit