အငြင်းပွားနေတဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး ဘယ်သူ သွင်းခဲ့တာလဲ ဆိုတာ ထုတ်ပြောလာတဲ့ ဖာနန်ဒက်ဒ်

ယမန်နေ့ ညက ဥရုဂွေး အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ ဖလား အုပ်စုပွဲစဉ် အတွင်း ပေါ်တူဂီအသင်း အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် က အသင်းရဲ့ သွင်းဂိုးတွေကို ဘယ် ကစားသမားကပဲ သွင်းသွင်း အသင်းနိုင်ပွဲ ရဖို့ကသာ




အရေးကြီးတာပါလို့ ထုတ်ဖော် ပြောကြားလိုက် ပါတယ်။ ဒီပွဲစဉ် အတွင်းမှာ ပေါ်တူဂီ အသင်း စတင် ရရှိခဲ့တဲ့ အဖွင့်ဂိုး ဟာ ဂိုးဧရိယာထဲကို ရောက်ရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဆီကို ဖာနန်ဒက်စ်က ဖြတ်တင်ပေး လိုက်တဲ့ ဘောလုံးက




ရော်နယ်ဒို ခေါင်းတိုက်လိုက်ရင်း ဂိုးဝင်သွား တယ်လို့ ထင်ခဲ့ရလို့ ဂိုးသွင်းသူ အဖြစ် ရော်နယ်ဒို လို့ သတ်မှတ်ခဲ့ပေမယ့် အနှေး ပြကွက်မှာတော့ ရော်နယ်ဒို နဲ့ ထိသွားခြင်း မရှိတာကြောင့် မိနစ် အနည်းငယ် အကြာမှာပဲ ဂိုးသွင်းသူ အဖြစ် ဖာနန်ဒက်စ် ကို ပြောင်းလဲ သတ်မှတ် သွားခဲ့ပါတယ်။




ဒီအကြောင်း ကိစ္စနဲ့ ပတ်သတ်ပြီး ဘရူနို ဖာနန်ဒက်စ် က ဒီ အချိန်မှာ ဘယ်သူပဲ ဂိုးသွင်းသွင်း ဒါက အရေးမကြီးဘူးလို့ ထင်ပါတယ်၊ အဲ့ဒီတုန်းက ခရစ္စတီယာနို ဆီကို ကျွန်တော် ဘောလုံး ပို့ပေးလိုက်ချိန်မှာ သူ ဘောလုံးနဲ့ ထိမိသွားတယ်လို့ ခံစားမိတယ်။




အရေးကြီးတာက ဒီနေ့ညမှာ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ရဖို့ပါ၊ ကျွန်တော်တို့ အတွက် အရေးကြီးတာက အုပ်စု ပထမနေရာ ရရှိနေဖို့ ရှေ့လာမယ့် ပွဲစဉ်ကိုပါ အနိုင်ယူပြီး အုပ်စုအတွင်း ရှုံးပွဲမရှိ ဖြစ်နေဖို့ပါ၊ ဒါတွေက ကျွန်တော် ဖြစ်ချင်နေတဲ့ အရာတွေပါ။




ရည်မှန်းချက်က ပွဲစဉ်တွေကို တစ်ပွဲချင်းစီ အလိုက် အာရုံစိုက် သွားဖို့ပါပဲလို့ ပြောဆိုသွား ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ် ဟာ ဂါနာနဲ့ ပွဲစဉ်မှာလည်း ပေါ်တူဂီ အတွက် အရေးပါတဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ သလို




ဥရုဂွေးနဲ့ ပွဲစဉ်မှာလည်း သွင်းဂိုး ၂ ဂိုးလုံးကိုပါ သွင်းယူပေး ထားနိုင်ခဲ့ပါတယ်၊ ဒါ့ကြောင့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း လက်ရှိ အချိန်အထိ ဂိုးဖန်တီးမှု အများဆုံး လုပ်ဆောင် ထားနိုင်တဲ့ ကစားသမား အဖြစ် သတ်မှတ်ခံ ထားရသလို ၂ ပွဲဆက်တိုက် အထိ အကောင်းဆုံး စွမ်းဆောင် ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

credit