ကြီးမားတဲ့ လုပ်ခလစာနဲ့ ထိပ်သီး ကလပ်အသင်း တသင်းရဲ့ ကမ်းလှမ်းမှု အပေါ် သဘောတူညီမှု ပြုလုပ်ခဲ့ပြီ ဖြစ်တဲ့ ရော်နယ်ဒို

စပိန် နိုင်ငံရဲ့ နာမည်ကြီး သတင်းစာ Marca ရဲ့ ဖော်ပြချက် အရ ပေါ်တူဂီ စူပါစတား GOAT ကြီး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဆော်ဒီအာရေဗျ ထိပ်သီး ကလပ် အယ်လ်နာဆာ အသင်းကို တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀၊ ၂ နှစ်ခွဲ စာချုပ်နဲ့




ပြောင်းရွှေ့ကစားဖို့ သဘောတူညီ သွားခဲ့တယ်လို့ သိရှိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းလိုက် ပြီးနောက်မှာ ရော်နယ်ဒို ရဲ့ ကလပ် အသင်းသစ်က ဘယ်အသင်းများ ဖြစ်လာမလဲ? ရော်နယ်ဒို ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုပြီး




ဘောလုံး ပရိသတ် များစွာက စိတ်ဝင်တစား ရှိနေခဲ့ကြချိန် ပရိသတ်တွေ မထင်ထားလောက်တဲ့ ဆော်ဒီကလပ် အယ်လ်နာဆာ နဲ့ သတင်း ထွက်လာခဲ့ပါတယ်၊ အယ်လ်နာဆာ အသင်းနဲ့ သတင်းတွေကို စပိန်သတင်းစာ Marca က လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက စတင် ဖော်ပြလာခဲ့တာ ဖြစ်ပြီး




အခုလည်း ရော်နယ်ဒို က ကြော်ငြာတွေ၊ တခြားသော အကျိုး ခံစားခွင့်တွေ အပါအဝင် တစ်နှစ် လုပ်ခ ယူရို သန်း ၂၀၀ နဲ့ ၂ နှစ်ခွဲ စာချုပ်ပါ ချုပ်ဆိုဖို့ သဘောတူ သွားခဲ့တယ်လို့ Marca က ဖော်ပြလာ ခဲ့ပါတယ်၊ လက်ရှိ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ဆင်နွဲနေတဲ့ ရော်နယ်ဒို ဟာ




ဒီပြိုင်ပွဲကြီး မစတင်ခင် ရက်ပိုင်းလောက် အလိုမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲပြီး free agent player တစ်ဦး ဖြစ်ထားခဲ့ ပေမယ့် သူကိုယ်တိုင် ကတော့ အသင်းသစ် ကိစ္စတွေထက် ကမ္ဘာ့ဖလား ကိုသာ အာရုံစိုက် ထားနေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့




လမ်းခွဲပြီး နောက်ပိုင်း အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အပါအဝင် နယူးကာဆယ် အသင်းတွေနဲ့ပါ သတင်း ထွက်ခဲ့တဲ့ ရော်နယ်ဒို ဟာ Marca ရဲ့ ဖော်ပြချက် အရ ဆိုရင် အရှေ့အလယ်ပိုင်း ကလပ် အသင်းတွေဆီ ပြောင်းရွှေ့ ကစားဖို့က နီးစပ်နေသလို ဖြစ်နေပေမယ့် ရော်နယ်ဒိုကိုယ်တိုင် ကတော့




ငွေကြေး မက်လုံးတွေထက် အောင်မြင်မှုတွေကို လိုချင် တပ်မက်သူ အမြင့်မားဆုံး level တစ်ခုမှာ အချိန်တိုင်း ယှဉ်ပြိုင်ချင်သူ ဖြစ်တာကြောင့် Marca ရဲ့ ဖော်ပြချက်က တကယ် ဖြစ်လာ နိုင်ပါ့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ဒါပေမယ့် လက်ရှိ

အခြေအနေ မှာတော့ ရော်နယ်ဒို အနေနဲ့ သူရဲ့နောက်ဆုံးသော world cup အတွက် ကိုသာ စိတ်အာရုံတွေ အားလုံး မြှပ်နှံထားမှာ ဖြစ်လို့ အခု ထွက်ပေါ်နေတဲ့ သတင်းတွေ ကိုလည်း တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ဖွယ် မရှိနိုင်လောက်ပါဘူး။

credit