WC ကို ကာတာမှာ ကစားရတာ သူအပါအဝင် အခြားကစားတွေပါ ‌ကျမ်းမာရေး ထိခိုက်နေတဲ့ အကြောင်း ထုတ်ဖော် ပြောဆိုလာတဲ့ အန်တိုနီ

ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီ က ကြံ့ခိုင်မှု မပြည့်ဝဘဲ နေမကောင်းဖြစ်နေခြင်းဘအတွက် ကမ္ဘာ့ဖလားလကျင်းပရာ ကွင်းထဲက အဲယားကွန်း တွေကို ဝေဖန်သွားခဲ့ပါတယ်။ ဘရာဇီးလ်သားဟာ




ဆားဘီးယား၊ ဆွစ်ဇာလန် တို့နဲ့ ပွဲစဉ်တွေမှာ အရန်ခုံကနေသာ ပါဝင်ခဲ့ရတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဖွင့်ပွဲစဉ် အပြီးမှာ နေမာ၊ ဒန်နီလို တို့လိုပဲ အန်တိုနီ တစ်ယောက် လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ရပါတယ်။




Streamer ကက်စ်မဲရိုး နဲ့ အင်တာဗျူးမှာ ဘရာဇီးလ်သားက ကာတာနိုင်ငံ ကွင်းတွေထဲက အဲယားကွန်း တွေဟာ သူ့ကို နေမကောင်း ဖြစ်စေခဲ့တယ် ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။




“ ဒီမှာ ကစားရတာက တော်တော်လေး ခက်ခဲပါတယ်၊ ကျွန်တော့်ကို ရက် အနည်းငယ်လောက် ခံစားရ စေခဲ့တဲ့ မအီမသာ ဖြစ်မှုမျိုး ခံစားရပါတယ်၊ ကျွန်တော် အခုတော့ ပြန် သက်သာလာပြီး ကြံ့ခိုင်မှု တစ်ရာ ရာခိုင်နှုန်း ရနေပါပြီ၊ လည်ချောင်းမှာ ပိုပြီး ဝေဒနာ ခံစားရပါတယ်၊ ဒီလို ဖြစ်ရတာက ကွင်းထဲက




အဲယားကွန်း တွေကြောင့်ပါ၊ ကျွန်တော်တင် မကပဲ အခြား ကစားသမားတွေလည်း နှာစေး ချောင်းဆိုးတွေ ဖြစ်နေကြပြီး လည်ချောင်း ဝေဒနာ ခံစားနေကြရပါတယ်၊ နေမကောင်း ဖြစ်တာက




ခက်ခဲပေမယ့် အသင်းရဲ့ အဓိကနေရာမှာ ပါဝင်ရလို့ ပျော်ရပါတယ်၊ ကျနော့ကို အန်တိုနီ လို့ ခေါ်လိုက်တာနဲ့ ကျွန်တော် အမြဲရှိနေပါမယ် ”လို့ ပြောကြားခဲ့တာ ပဲ ဖြစ်ပါတယ်။

credit