WC မှာ ပွဲကြမ်းပြီး ရွှေဖိနပ်ဆုကို လက်ခံ ရယူရအုံးမယ့် သရဲနီ ကြယ်တပွင့်

အင်္ဂလန် အသင်းဟာ မားကပ်စ် ရက်ရှ်ဖို့ဒ် နဲ့ ဖိုဒန် တို့ရဲ့ သွင်းဂိုး တွေနဲ့ ဝေးလ်စ်ကို 3-0 ရလဒ်နဲ့ အနိုင် ရရှိပြီး အုပ်စုဗိုလ် အဖြစ် ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ဟာ ဝေးလ်စ် အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်နိုင်ခဲ့ သလို သွင်းဂိုး နှစ်ဂိုးကိုလည်း ကိုယ်တိုင် သွင်းယူနိုင်ခဲ့ပါတယ်။




ယခုတော့ မားကပ်စ် ရက်ရှ်ဖို့ဒ် ဟာ ယူရို ၂၀၂၀ မှ စိတ်ခံစားရမှု များကို ရုန်းထွက်နိုင်ခဲ့ပြီး အင်္ဂလန် အတွက် ယုံကြည်ချက် အပြည့်နဲ့ ပြန် ကစားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေပြီး




အီရန်နဲ့ ပွဲမှာ တစ်ဂိုးနဲ့ ဝေးလ်စ်နဲ့ ပွဲမှာလည်း နှစ်ဂိုး သွင်းယူထားကာ ၎င်းဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ သွင်းဂိုး သုံးဂိုး ရရှိထားပြီး ကမ္ဘာ့ဖလား ဂိုးသွင်းသူများ စာရင်းမှာ ထိပ်ဆုံးမှ ရပ်တည် နေသလို




ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု အတွက်လည်း ရေပန်းစားလာ ခဲ့ပါတယ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ် လို သုံးဂိုး သွင်းယူထားတဲ့ အခြား ကစားသမားများမှာ နယ်သာလန် အသင်းမှ တောင်ပံ ကစားသမား ဂက်ပို




ပြင်သစ် စူပါစတား ဘာပေ နဲ့ အီကွေဒေါ တိုက်စစ်မှူး ဗလန်စီယာ တို့ဖြစ်ကြပြီး အင်္ဂလန် အသင်းဟာ တနင်္ဂနွေနေ့မှာတော့ ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ် အဖြစ် ဆီနီဂေါ အသင်းနဲ့ ရင်ဆိုင်ရရန် ရှိနေပါတယ်။




ဆီနီဂေါဟာ အုပ်စု အေမှာ နယ်သာလန် အသင်းနောက် အုပ်စု ဒုတိယ အနေနဲ့ ရှုံးထွက် အဆင့်ကို တက်လာခြင်း ဖြစ်ပြီး မနေ့ညက ကစားတဲ့ ပွဲမှာ ဆီနီဂေါအသင်းဟာ အီကွေဒေါကို 2-1 နိုင်ပွဲ ရရှိခဲ့ပါတယ်။

credit