ဘရူနိုကို ခေါ်ယူဖို့ စပိန် ထိပ်သီးကလပ်က ကြိုးစားသွားမှာ ဖြစ်ကြောင်း Portugal သတင်းဌာနမှ အတည်ပြု ဖော်ပြလာ

စပိန် လာလီဂါ အင်အားကြီးအသင်း ရီးရဲလ်မက်ဒရစ်ဟာ သူတို့ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အင်အား ဖြည့်တင်းမှု တရပ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ဘရူနို ဖာနန်ဒက် ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာန Record Portugal က အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။




ရီးရဲလ်မက်ဒရစ် က ဆယ်စုနှစ် တစုကြာ အသင်းရဲ့ အဓိက ကွင်းလယ် အတွဲ ဖြစ်ခဲ့တဲ့ လူကာ မိုဒရစ်၊ တိုနီကရူးစ် နဲ့ ကတ်စ်မဲရိုး တို့ရဲ့ သုံးဦးတွဲ ကွင်းလယ်ကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားတဲ့ အသင်း ဖြစ်ပြီး ကတ်စ်မဲရိုး ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ




ရောင်းထုတ် ခဲ့ပေမယ့် သူ့ရဲ့နေရာ အတွက် ကာမာဗင်ဂါ နဲ့ ချူအာမီနီ တို့ နှစ်ဦးကို ပြန်ခေါ်ထားခဲ့ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ် က လူကာ မိုဒရစ် နဲ့ တိုနီ ကရူးစ် တို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ် လူသစ် နှစ်ဦးကို ရှာဖွေဖို့ လိုအပ်တော့ပြီး အသင်းရဲ့




ကွင်းလယ်လူ တဦး ဖြစ်သူ ဗယ်ဗာဒီ က တိုနီ ကရူးစ် ရဲ့ နေရာကို အစားဝင် နိုင်တာကြောင့် လူကာ မိုဒရစ် လို တိုက်စစ်အားပြု ကစားတတ်တဲ့ ကွင်းလယ်လူ တဦးသာ လိုအပ်ပါတော့တယ်။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် က ဒေါ့မွန် လူငယ် ကြယ်ပွင့် ဘယ်လင်ဟမ် ကို




မိုဒရစ် ရဲ့ နေရာအတွက် မျက်စိကျ နေပေမယ့် ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေ ဖြစ်တဲ့ လီဗာပူး၊ မန်ချက်စတာ စီးတီး၊ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက် တို့ အားလုံးက ဘယ်လင်ဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဘယ်လင်ဟမ် ကလည်း အင်္ဂလန် မြေဆီ




ပြန်လည် ပြောင်းရွှေ့ ချင်နေတာကြောင့် ဘယ်လင်ဟမ် ကိုသာ မခေါ်နိုင်ခဲ့ရင် အစားထိုး ခေါ်ယူမယ့် ကွင်းလယ်လူတွေကို စတင် ရှာဖွေနေပါတယ်။ Record Portugal သတင်းဌာနရဲ့ ဖော်ပြချက် အရ ရီးရဲလ်မက်ဒရစ် က မိုဒရစ် ရဲ့ နေရာအတွက် မန်ချက်စတာ ယူနိုက်တက် နဲ့




ပေါ်တူဂီ တို့ရဲ့ အဓိက ကွင်းလယ် တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖာနန်ဒက် ရဲ့ အကွက်မြင်မှုနဲ့ တိကျတဲ့ ဘောလုံး ပေးပို့နိုင် စွမ်းကြောင့် ဖာနန်ဒက် ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဖာနန်ဒက် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့




အသင်းခေါင်းဆောင် ကစားသမား တွေထဲက တဦး ဖြစ်သလို မကြာသေးမီကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ သူ့ကို ခေါ်ယူဖို့ မလွယ်ကူပေမယ့် အကယ်၍ မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ် တို့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ရင် ဖာနန်ဒက် က ရီးရဲလ်မက်ဒရစ် ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနိုင်ကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။

credit