အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလား ပြိုင်ဘက် အသင်းတွေထံ သတိပေးစကား ဆိုလိုက်တဲ့ ရက်ရ်ှဖို့ဒ်

ဝေးလ် ကို သုံးဂိုးပြတ် အနိုင် ကစားပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စုဗိုလ် အဖြစ် နောက်တစ််ဆင့် တက်ရောက် နိုင်ခဲ့ပြီးနောက် အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် က




သူတို့ဟာ ပိုကောင်းလာဖို့ပဲ ရှိကြောင်း ပြိုင်ဘက်တွေကို သတိပေး ပြောဆိုလိုက်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အစောပိုင်း အုပ်စု ပွဲစဥ် နှစ်ပွဲမှာ အင်္ဂလန် အတွက် ပွဲထွက် ကစားခွင့် မရခဲ့ပဲ




လူစားဝင် ကစားခွင့်သာ ရရှိထားခဲဲ့တာ ဖြစ်ပါတယ်၊ လူစားဝင် ကစားသမားသာ ဖြစ်ခဲ့ရပေမယ့် တစ်မိနစ် အကြာမှာပဲ ၎င်းဟာ သွင်းဂိုး ရယူ ပေးနိုင်ခဲ့ပါတယ်။ ဒီနောက် ဝေးလ်နဲ့ ကစားရမယ့် ပွဲစဥ်မှာ




ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့ပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်၊ နောက်ထပ် သွင်းဂိုး တစ်ဂိုးကိုတော့ လူစားဝင် ကစားခွင့် ရခဲ့တဲ့ ဖီးလ် ဖိုဒန် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်၊ ယခုတော့ ရပ်ရှ်ဖို့ဒ် ဟာ




2022 ကာတာ ကမ္ဘာ့ဖလား ပြိုင််ပွဲမှာ သုံးဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ဂတ်ပို၊ အမ်ဘာပေ၊ အန်နာ ဗလန်စီယာ တို့လိုပဲ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါပြီ၊ အခုတော့ ၎င်းက ဆက်လက် ပွဲထွက်ခွင့်




ရနိုင်ခြေ မြင့်တက်် လာခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တာကို အကောင်းဆုံး အခိုက်အတန့်လို့ ခေါင်းစဥ်တပ်လိုက်ပြီး သူတို့ဆီက ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်် ရည်ကိုသာ မြင်တွေ့ရဖို့




ရှိကြောင်း ပြိုင်ဘက်် အသင်းတွေကို သတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။ ‘ဒီလို အခိုက်အတန့် ဒါကြောင့် ကျွန်တော်တို့တွေ ဘောလုံး ကစားနေခဲ့ကြတာပါ၊ ဒါဟာ အကြီးမားဆုံး အခိုက််အတန့် ဖြစ်တယ်။

အကောင်းဆုံးသော အခိုက်အတန့် ပါပဲ၊ အရမ်းပဲ ပျော်မိပါတယ်။ ဒီပြိုင်ပွဲဲရဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပြီ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ပျော်ရွှင် နေကြပါတယ်’ လို့ ရပ်ရှ်ဖို့ဒ်က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit